Main menu

Background

မုန်တိုင်းမိုးနဲ့အမီ မုံရွာတစ်ဝိုက် ငုံနီစိုက်ပြီ

Wed, 06/01/2016 - 13:25 -- journal_editor

 ပြီးခဲ့တဲ့ မေတတိယပတ်အတွင်းက  ရွာသွန်းခဲ့တဲ့ မုန်တိုင်းမိုးနဲ့အမီ မုံရွာ ဒေသခံတောင်သူတွေ ဒီနှစ်အတွက် ပဲစင်းငုံနီတွေ စတင်ပျိုးကြဲစိုက်ပျိုးလျက်ရှိ တယ်လို့ သိရပါတယ်။ ယခုနှစ်ငုံနီဈေးကွက်မှာ
  ပဲစတင်ပေါ်ချိန်မှ ယနေ့အထိ တစ် တင်း အနိမ့်ဆုံးကျပ် ၄၃၀၀၀ အထိ ပေါက်ဈေးမာခဲ့လို့ တောင်သူတွေ  တွက်ခြေ ကိုက်တဲ့အတွက် ယခုနှစ်မှာ စိုက်ဧက အနည်းငယ်တိုးလာဖွယ်ရှိတယ်လို့ စိုက်ပျိုး ရေး
ဦးစီးဌာနက ဆိုပါတယ်။
မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့  ဒေသနဲ့ကိုက်ညီမယ့်  မုံရွာရွှေဒင်္ဂါး မျိုးကို ဒေသခံတောင်သူတွေနဲ့ပူးပေါင်းပြီး မျိုးသန့်မျိုးစေ့ထုတ် စိုက်ကွင်းများ ဖော် ထုတ်ခဲ့ကာ ပြီးခဲ့တဲ့နှစ်က ဌာနနဲ့ပူးပေါင်းပြီး
ဧက ၃၀ ခန့်  စိုက်ပျိုးခဲ့တယ်လို့  ဆိုပါ တယ်။ ထွက်ရှိတဲ့ပဲတွေကို စံချိန်စံညွှန်းကိုက်ညီမှုရှိ^မရှိ စစ်ဆေးပြီး၊ ကိုက်ညီတဲ့ ငုံနီမျိုးတွေကို မျိုးသန့်ပွားရေးအတွက် အခြားတောင်သူတွေကို ဖြန့်ဖြူးပေးလျက် ရှိ
တယ်လို့ မုံရွာမြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါတယ်။ ယခုနှစ်အတွက် မျိုးဖြန့်ဖြူးမှုအနေနဲ့ တစ်တင်းလျှင် ငါးဧကနှုန်းဖြင့် စုစုပေါင်း ဧက ၂၀၀၀ စာဖြန့်ဖြူး ပေးခဲ့ပြီး မျိုးသန့်ဈေးကတော့ တစ်တင်း
ကျပ် ၅၂၀၀၀ ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။
မနှစ်က မုံရွာမြို့နယ်မှာ ငုံနီစိုက်ဧက ၁၇၁၀၀ လျာထားခဲ့ပြီး၊ ဧက ၁၇၁၄၀ စိုက်ပျိုးနိုင်ခဲ့ပေမယ့် မိုးခေါင်ခြင်း၊ သီးချိန်မိုး များခြင်းစတဲ့ ရာသီဥတု ဖောက်ပြန်မှု ကြောင့် ဒေသအများစုပဲအထွက်လျော့ခဲ့တယ်
လို့ သိရပါတယ်။ ရာသီကြောင့် အထွက်အနည်းငယ်လျော့ခဲ့ပေမယ့် ဒီနှစ်ပြည်ပဝယ်လိုအားမြင့်ကာ ပေါက်ဈေး လည်း တစ်တင်းမှ ကျပ် ၅၀၀၀၀ ဝန်းကျင်အထိ မြင့်ခဲ့လို့ ငုံနီစိုက် တောင်သူအများစု တွက်
ခြေကိုက်ခဲ့ကြတယ်လို့ လေ့လာသိရှိရပါတယ်။  ဒီလို ဈေးကွက်အလားအလာ ကောင်းတွေကြောင့် မုန်တိုင်းမိုးနဲ့အမီ ငုံနီစိုက်ပျိုးမှု စတင်ခဲ့ကြရာ မုံရွာမြို့နယ်အနေ နဲ့ ဧက ၂၀၀၀ နီးပါး စိုက်ပျိုးပြီးစီးနိုင်တယ်
လို့ တောင်သူသတင်းရပ်ကွက်မှ လေ့လာ သိရှိရပါတယ်။                                                                           
 ထွန်းလှိုင်-မုံရွာ