Main menu

Background

ပြည်ပဲလွန်းဖြူ အဝယ်လိုက်သော်လည်းဈေးငြိမ်နေ

Wed, 06/08/2016 - 14:55 -- journal_editor

          ပြည်ပဲဈေးကွက်မှာ ပဲပေါ်ချိန်ကာလတွင်သာ ပဲလွန်းဖြူသီးနှံအနေဖြင့် လက်လီ/လက်ကားအဝယ်လိုက်ခဲ့သော်လည်း ကျန်အချိန်များတွင် လက်လီသမားလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲလက်ကျန်ကလည်း အနည်း ငယ်သာရှိခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်ရှိခဲ့ပေမယ့် အိတ်အနည်းငယ်သာ ရောင်းချခဲ့ကြပါတယ်။ မေလအတွင်းကတည်းက ပဲဈေးနှုန်းတစ်တင်းကျပ် ၂၁၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် ဈေးငြိမ်နေခဲ့ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင်နှစ်က နှစ်ကုန်ခါနီးအချိန်တွင် ပဲဈေးအားလုံးလိုလိုမြင့်တက်ခဲ့ကြတဲ့အတွက် ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ်လက်များပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ပဲပုပ်နှင့်ထောပတ်ပဲမှ လွဲလျှင် ဈေးေ ကာင်း ရရှိခဲ့ကြပါတယ်။  ဖေဖော်ဝါရီလမှစ၍ ပဲသစ်များဝင်ရောက်မှုများလို့ ပဲဈေးမှာဈေးလျော့သွားပြီး ကျပ်နှစ်သောင်းကျော်သာ ယခုအချိန်ထိရရှိနေခဲ့တယ်လို့ သိရပါတယ်။
 

 

ခင်ဆွေဝင်း