Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းရွှေဈေး ကျပ်တစ်သောင်းနီးပါး မြင့်တက်

Tue, 06/14/2016 - 13:28 -- journal_editor

          ယခုတစ်ပတ်အတွင်း  ပြည်တွင်းရွှေဈေးများသည် ကျပ်တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြ စ်ပြီး ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့်လည်း ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရွှေဈေးများမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်း ချသူများ များပြားလာခဲ့ကြောင်း သိရသည်။
          "ကမ္ဘာ့ရွှေဈေးကလည်း မြင့်လာတယ်။  ပြည်တွင်းငွေလဲနှုန်းတွေကလည်း  မြင့်လာတယ်။ အဲဒါကြောင့် ပြည်တွင်းရွှေဈေးက ဆက်တိုက်မြင့်တက်လာရတာ ပါ။ အဲဒီလို ဈေးမြင့်တက်လာတဲ့အတွက် ဈေးကွက်ထဲမှာ ပြန် လည်ရောင်းချတဲ့သူ တွေ များလာတယ်။ ဒီတစ်ပတ်ထဲမှာက ကျပ်တစ်သောင်းနီးပါးလောက် မြင့်တက် လာတော့ ပြန်ကျနိုင်ခြေရှိတယ်လို့ယူဆပြီး ပြန်ရောင်းကြတာများပါတယ်"ဟု ရွှေ ကုန်သည် ဦးစံမြင့်က ဆိုသည်။ ပြည်တွင်းေ ရွှဈေးများသည် ဇွန် ၆ ရက်က ကျပ် ၇၈၂၅၀၀ ရှိခဲ့ပြီး ဇွန် ၈ ရက်တွင် ကျပ် ၇၈၆၅၀၀ သို့မြင့်တက်ခဲ့သည်။ ဇွန် ၉ ရက်တွင် ကျပ် ၇၉၀၀၀၀ သို့ ဆက်လက်မြင့်တက်ခဲ့ပြီး ဇွန် ၁၀ ရက် ဈေးပိတ်ချိန်တွင် ကျပ် ၇၉၃၀၀၀ သို့ မြင့်တက် ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၆ ရက်တွင် ၁၂၄၃ ဒေါ်လာရှိခဲ့ပြီး ဇွန် ၉ ရက်တွင် ၁၂၆၃ဒေါ်လာသို့ မြင့်တက်ခဲ့ကာ ဇွန် ၁၀ ရက်တွင် ၁၂၆၇ဒေါ်လာ သို့ မြင့်တက်ခဲ့သည်။

 

မယ်သီတာ