Main menu

Background

မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအား မြင့်မားလာတာကြောင့် ငုံနီနဲ့စိမ်းကြီးတို့ ဈေးအနည်းငယ်တက် လာခဲ့သလို အရောင်းအဝယ်ပါ သွက်လာခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က တစ်တင်း ကျပ် ၄၆၃၀၀ အထိကျ ဈေးဖြစ်ပေါ်ခဲ့တဲ့ ငုံနီမှာ ယခ

Tue, 06/14/2016 - 14:36 -- journal_editor

          မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအား မြင့်မားလာတာကြောင့် ငုံနီနဲ့စိမ်းကြီးတို့ ဈေးအနည်းငယ်တက် လာခဲ့သလို အရောင်းအဝယ်ပါ သွက်လာခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က တစ်တင်း ကျပ် ၄၆၃၀၀ အထိကျ ဈေးဖြစ်ပေါ်ခဲ့တဲ့ ငုံနီမှာ ယခုတစ်ပတ် ဝယ်လိုအားသွက်လာလို့ တစ်တင်း ကျပ် ၄၈၄၀၀ အထိ ဈေးအမြင့်ဆုံးတက်ခဲ့ပြီး အရောင်းအဝယ် အနေနဲ့ တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင်ြ ဖစ် နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာလည်း နယ်စုံက ခပ်ပါးပါးသာ ဒိုင်ကိုဝင်ရောက်ခဲ့ပြီး ဝယ်လိုအားမြင့်မားမှုရှိလို့ စိမ်းကြီးတစ်တင်း ကျပ် ၃၁၅၀၀ မှ  ကျပ်၃၃၀၀၀၊ စိမ်းသေးက တစ်တင်း ကျပ် ၂၆၀၀၀ မှ ကျပ် ၂၈၀၀၀ အသီးသီးဈေးမြောက်လာတာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်ရက်အိတ် ၅၀၀ မှ ၇၀၀ အကြား ဖြစ်နိုင်တယ်လို့ သိရပါတယ်။
        မတ်ပဲဈေးကွက်အနေနဲ့ နယ်ကပဲအဝင်နဲ့ ဒိုင်လာတဲ့ ဝယ်လက်ဝယ်လိုအားမျှတနေလို့ တစ်တင်းကျပ် ၅၃၅၀၀ ဝန်း ကျင်မှာ ပေါက် ဈေးငြိမ်နေပြီး၊ တစ်ရက်အိတ် ၂၀၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ ကုန်သည်ရပ် ကွက်မှ သိရပါတယ်။ ပြည်တွင်းနဲ့ဒေသသုံး အခြားပဲမျိုးစုံဈေးကွက်မှာလည်း အရောင်းအဝယ်ပုံမှန်သာရှိလို့ ပေါက်ဈေးအသီးသီးငြိမ်လျက်ရှိရာ ထောပတ်ပဲတစ်တင်း ကျပ် ၁၁၀၀၀ မှ ကျပ် ၁၁၅၀၀၊ စွန်တာနီတစ်တင်းကျပ် ၁၄၅၀၀မှ ကျပ် ၁၅၀၀၀၊ ပဲကြီးတစ်တင်း ကျပ် ၂၅၅၀၀ မှ ကျပ် ၂၇၀၀၀၊ ပဲပုပ်တစ်တင်း ကျပ် ၁၈၀၀၀ မှ ကျပ် ၁၈၅၀၀၊ ပုဂံပဲတစ်တင်း ကျပ် ၁၅၈၀၀၊ မြေထောက်ပဲတစ်တင်း ကျပ် ၁၇၀၀၀၊ လွန်းပြာတစ်တင်း ကျပ် ၁၈၀၀၀၊ ကျပ် ၁၈၅၀၀၊ ပဲယင်းတစ်တင်းကျပ် ၁၄၅၀၀ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။
        ဒေသနဲ့ပြည်တွင်းလုပ်ငန်းသုံးဝယ်လိုအား ပုံမှန်ရှိတဲ့ ကုလားပဲမျိုးစုံဈေးကွက်ကတော့ ယခုတစ်ပတ်မှာလည်း အမြင့်ဈေးမှာ တန့် နေရာ V2 တစ်တင်း ကျပ် ၃၈၀၀၀၊ ထိုင်ဝမ်နဲ့ ၉၂၉ တစ်တင်းကျပ် ၃၇၅၀၀ အသီးသီး ပေါ က်ဈေးဖြစ်ခဲ့ပြီး တစ်ရက်ကုလားပဲမျိုးစုံအိတ် ၄၀၀ မှ ၉၀၀ အကြားပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်မှ လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ