Main menu

Background

ဆီပန့်အငယ်များဖြင့် စက်သုံးဆီရောင်းချနေသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများအတွက်စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ထုတ်ပေးနိုင်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်

Tue, 06/14/2016 - 15:31 -- journal_editor

             ဆီပန့်အငယ်များဖြင့် စက်သုံးဆီရောင်းချနေသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများအတွက်စက်သုံးဆီ ဖြန့်ဖြူးရောင်း ချခွင့်လိုင်စင် ထုတ်ပေးနိုင်ခြင်းမရှိကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင်  လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ခေတ်မီသန့်ရှင်း သပ်ရပ်သော စက်သုံးဆီအရောင်းဆိုင် များ ပေါ် ထွန်းစေရေး အတွက် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ Petroleum Product Handling Process များ ကို လိုက်နာကျင့်သုံးနိုင်သည့်  အရည်အသွေး  ပြည့်ဝပြီး စံချိန်စံညွှန်းကိုက် ညီ မှန်ကန်မှုရှိ သည့် စက်သုံးဆီများကို ဖြန့် ဖြူးရောင်းချနိုင်သည့် အရောင်းဆိုင်များအား စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များ ခွင့်ပြုထုတ်ပေးလျက်ရှိပါ ကြောင်းနှင့် ဆီပန့်ငယ်များဖြင့် စက်သုံးဆီရောင်းချနေသည့် တရားမဝင်အရောင်းဆိုင်  အသေးစားလုပ်ငန်းများအနေဖြင့် အထက်ပါ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ် မှုမရှိခြင်း၊ မီးဘေးအန္တရာယ် အထူးပင်စိုးရိမ်ရခြင်းတို့ကြောင့် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးနိုင်မှုမရှိကြောင်း ေ ဖာ်ပြပါရှိပါသည်။
             နိုင်ငံတော်၏စီးပွားရေးတွင် ပုဂ္ဂလိကပါဝင်မှု အားပေးမြှင့်တင်ရန်နှင့် ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်စွာလုပ် ကိုင်ခွင့်ပြုခဲ့ပြီး ပြည်သူလူထုအေ နဖြင့် စက်သုံးဆီများကို တစ်ပြည်လုံးနေရာ အနှံ့အပြားတွင် အဆင်ပြေ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီအရောင်း ဆိုင်မရှိသေးသည့်မြို့၊ မြို့သစ်များ၊ လမ်းဆုံလမ်းခွနှင့် လမ်းမ ကြီးများ၊ Toll Gate  နေရာများ စသည်တို့တွင် စက်သုံးဆီ အရောင်းဆိုင်များ အသစ်ထပ်မံတည်ဆောက်ဖွင့်လှစ်ပေး ရန် လိုအပ်သဖြင့်လည်းကောင်း၊ တရားမဝင် စက်သုံးဆီသယ် ယူပို့ဆောင်သိုလှောင် ရောင်းချမှုများနှင့် တရားမဝင် လမ်း ဘေး စက်သုံးဆီဆို င်များ လျော့နည်းပပျောက်စေရန်အတွက် လည်းကောင်း၊ ခေတ်မီစက်သုံးဆီအရောင်းဆိုင်များ ပေါ် ထွန်းလာစေရေးအတွက် သတ်မှတ်ချက်များနှင့်အညီစိစစ်၍ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် များထုတ်ပေးပြီး လုပ်ငန်းလု ပ်ကိုင်စေလျက်ရှိကြောင်း သိရသည်။    

 

မယ်သီတာ