Main menu

Background

မလေးနဲ့ စင်ကာပူသို့ နနွင်းတန်ချိန် ၇၀ ကျော်တင်ပို့

Wed, 06/15/2016 - 15:21 -- journal_editor

     မေ ၂၉ရက်မှ ဇွန် ၂ ရက်သီတင်းပတ်အတွင်း နနွင်း ၃၅၇ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘင်္ဂလား ဒေရှ့်သို့ ၅၆ တန်၊ အိန္ဒိယသို့ ၅၆ တန်၊ မလေးရှားသို့ ၁၆၅ တန်နဲ့  စင်ကာပူသို့ ၈၀ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုမှာ ၇ တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၃၅၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၇၁၃၈၆ ဝင် ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလမှာ နနွင်း တန်ချိန် ၁၁၇၀ ကျော် တင်ပို့နိုင်ခဲ့ပြီး မေလမှာ တန်ချိန် ၆၅၀ ကျော်တင်ပို့နိုင်ခဲ့တာ ကြောင့် မေလမှာ နနွင်း တန်ချိန် ၅၂၀ တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း DOT