Main menu

Background

ပြည်မြေပဲဈေးကွက်မှာ ဆီဆန်ဈေးအနည်းငယ်မြင့်ပြီး လုံးဆန်ဈေးပုံမှန်ဖြစ်

Wed, 06/15/2016 - 15:27 -- journal_editor

       ပြည်ဈေးကွက်သို့  မင်းတုန်း၊ ကံမနဲ့ရခိုင်ပြည်နယ် မာန်အောင်ဘက်မှ မြေပဲဆန် တစ်နေ့လျှင် အိတ် ၅၀၀ ခန့်သာ အဝင်ရှိတော့သဖြင့် အဝင်နည်းလာတာ တွေ့ရပါတယ်။ မြေပဲဆန်၊ ဆီဆန်ကို မြို့တွင်းဆီစက်နဲ့ မကွေးဆီ စက်များက အဝယ် ရှိနေသဖြင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ကျပ် ၁၀၀ ဈေးမြင့်လာတာတွေ့ရပါတယ်။ စားသုံးသူများက နှမ်းဆီထက်မြေပဲဆီကို စားသုံးကြသဖြင့် မြေပဲဆီဈေးမှာ နှမ်းဆီဈေး ထက်ပိုမြင့်နေတာတွေ့ ရပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၂၃၀၀ ဖြင့် ယခင်တစ်ပတ်ထက်ဈေးပိုလာပြီး မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၅၂၀၀ဖြင့် ဈေးမြင့်လာတာ တွေ့ရပါတယ်။ လုံးဆန်ကို ရန်ကုန်၊ မန္တလေးဝယ်လက်များက ဝယ်နေသော်လည်း ယခုတစ်ပတ်တွင် မိုးရွာသွန်းနေသဖြင့် အရောင်းအဝယ်အေးပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ လုံးဆန်ဈေးမှာ အဖြူရောအနီပါ နှစ်မျိုး စလုံးဈေးတူနေသဖြင့် တစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဈေးဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ 

 

 ဝေေ၀မင်း