Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးမှာ မိုးပဲစင်းငုံ သီးနှံများ စတင်စိုက်ပျိုး

Tue, 06/28/2016 - 12:03 -- journal_editor

     စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးတဲ့ ပဲစင်းငုံ သီးနှံက ၂၀၁၆-၂၀၁၇ ခုနှစ် မိုးသီးနှံလျာထားစိုက်ဧက ငါးသိန်းငါးသောင်းကျော်မှ  ဧကနှစ်သိန်းနှစ်သောင်းခန့် စိုက်ပျိုး ပြီးလို့ ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲစင်းငုံက ရန်ကုန် Export ဝယ်လက် ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လအတွင်း  တစ်တင်းပေါက်ဈေး ကျပ် ၄၇၅၀၀ မှ ကျပ် ၄၉၅၀၀ ကြား ဈေးပေါက်သဖြင့် ကုန်သည်ပွဲစားနဲ့လှောင်လက်သမားများ က ထုတ်ရောင်းကြရာ တင်း ၅၀၀ မှ တင်း ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်မှ သိရပါတယ်။

 

သန်းသန်းတင်-မုံရွာ