Main menu

Background

ပြည်ထောပတ်ပဲ သီးနှံဈေးအေးအေးနဲ့ အရောင်းအဝယ်ဖြစ်နေ

Tue, 06/28/2016 - 12:13 -- journal_editor

         ပြည်ဈေးကွက်မှာ  ပြည်ပသို့တင်ပို့ရောင်းချနေတဲ့ ပဲဈေးမှာ ယခုနှစ်မှာ ဈေးကောင်းရပါတယ်။ ပြည်တွင်းဝယ်လက်များနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တဲ့ ကုလားပဲ၊ ပဲကြီး စသည့်သီးနှံများမှာလည်း ဈေး ကောင်းရကာ လက်လီ သမားများနဲ့အဓိကထား အရောင်းအဝယ်ဖြစ် ခဲ့တဲ့ပဲများဖြစ်တဲ့ ပဲလွန်းဖြူ၊ ပဲနီပြား၊ ဘိုကိတ်စသည်တို့မှာ ဈေးကောင်း မရပေမယ့်လည်း တစ်တင်း ကျပ်နှစ်သောင်းအထက်မှာ အရောင်း အဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
         ဒါပေမယ့် ထောပတ်ပဲသီးနှံကတော့   ဈေးကွက်အတွင်း အနိမ့် ဆုံးဈေးရခဲ့တဲ့ပဲဖြစ်ပြီး  တစ်တင်း ကျပ် ၁၃၅၀၀ ခန့်မှ ကျပ် ၁၄၅၀၀ ခန့်သာရရှိခဲ့ပါတယ်။ ပဲလက်ကျန် အနည်းငယ် သာရှိတဲ့အတွက် နေ့စဉ် အိတ် အနည်း ငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ဈေးလည်းအေးတဲ့ သီးနှံဖြစ်ခဲ့ပါတယ်။ ယခင်နှစ်ကလည်း တစ်တင်း  ကျပ် ၁၂၀၀၀ မှ ၁၃၅၀၀ သာရရှိခဲ့လို့ ယခုနှစ်ဈေးနဲ့ သိပ်ကွာခြားမှုမရှိဘူးလို့ သိရပါတယ်။

 

ခင်ဆွေဝင်း-ပြည်