Main menu

Background

ရှမ်းချင်းအဟောင်းလက်ကျန်တွေ များနေသော်လည်း ချင်းသစ် တွေတစ်လစောပြီး ဈေးကွက်သို့ဝင်

Tue, 06/28/2016 - 12:49 -- journal_editor

         ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်က မိုးစောစောရွာလို့ ချင်းဥမတွေလည်း စောစောဖော်လို့ရပါတယ်။ ဒီတစ်ပတ်  အောင်ပန်းဈေးကွက်သို့ ချင်း(ဥမ) အသစ် တွေစပြီးဝင်လာပြီလို့ သိရပါတယ်။ ချင်း(ဥမ) တွေက ဇူလိုင်မှ သာစပြီးဝင်ရမှာဖြစ် ပေမယ့် ဒီနှစ်က  မိုးစောလို့ တစ်လစောပြီး ဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။ စပြီးဝင်ကာစဖြစ်လို့ အဝင်ကတော့သိပ်ပြီးမများသေးပါဘူး၊ အဟောင်းလက်ကျန် တွေကလည်း များနေသေးလို့ ဈေးကွက် မှာတော့ အဟောင်းတွေသာ အရောင်း အဝယ်ဖြစ်နေတယ်လို့လည်း ဈေးကွက်မှသိရပါတယ်။
          အရောင်းအဝယ်ကတော့ ပုံမှန်သာရှိနေပြီး ဈေးပတ်သမားတွေသာ အဝယ်ရှိနေပါတယ်။ ချင်းထိုးသမား တွေသာ အဝယ်များနေပြီး တစ်ရက်ကို ပိဿာချိန် ၆၀၀ မှ ၈၀၀ ခန့် ရောင်းရတယ်လို့ဆိုပါတယ်။ အဓိကဝယ်လက်တွေ ကတော့ ရန်ကုန်၊ တပ်ကုန်း၊ စစ်တွေ၊ ပြည်စတဲ့မြို့တွေမှဖြစ်ပါတယ်။ ချင်းထိုးဖို့အတွက် ပယ်ချင်းလို့ခေါ်တဲ့ညံ့စတွေ ကိုပိုပြီးဝယ်ယူကြတယ်လို့လည်း သိရပါတယ်။ ဒီနှစ်တစ်နှစ် လုံးလည်းချင်းကို ပြည်ပဝယ်လက်ကမဝယ်တာေ ကြာင့် လက်ကျန်ချင်းတွေလည်း များပါတယ်။ ချင်း(ဥမ) တွေပေါ်လာရင် ပစ္စည်းလက်ကျန်က ယခုထက်များလာနိုင် တာကြောင့် ချင်းစိုက်တောင်သူရော၊ ချင်းပွဲရုံတွေကပါ ပြည်ပဝယ်လက်ကို မျှော်နေ ကြပါတယ်။
           ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းတစ်ပိဿာ ပေါက်ဈေးမှာ ချင်း(ဥမ)အသစ် အနိမ့်ဆုံးကျပ် ၃၅၀ မှ အမြင့်ဆုံးကျပ် ၄၀၀ ရှိပြီး၊ ချင်းဟောင်းကတော့ အနိမ့်ဆုံးကျပ် ၂၀၀ မှ အမြင့်ဆုံးကျပ် ၅၀၀ ဈေးရှိပါတယ်။ တစ်ပတ် အတွင်းချင်း(စို) ပိဿာချိန်ပေါင်း တစ်သိန်းနှစ်သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ချင်း ခြောက်တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၁၇၀၀ ဈေးရှိပြီး အရောင်းအဝယ်အေး နေတယ်လို့သိရပါတယ်။                         

 

ဧဧခိုင်(တောင်ကြီး)