Main menu

Background

မုံရွာဆီထွက်သီးနှံဈေးကွက် နှမ်းနက် အဝယ်သွက်လာ

Tue, 06/28/2016 - 14:31 -- journal_editor

         ဇွန်လ တတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေး ကွက်မှာ မြေပဲဆန် ဈေးအနည်းငယ် အေးသွားပြီး၊ နှမ်းဈေး ကွက်မှာတော့ နှမ်းညိုနဲ့  နှမ်းဖြူဈေးအေးခဲ့ပေမယ့် နှမ်းနက် အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ် မြေပဲဆန်ဈေးကွက်မှာ  တရုတ်အဝယ် ပါးသွားလို့ ဈေးအေးသွားခဲ့ရာ မြေပဲဆန်နီ တစ်ပိဿာ ကျပ် ၂၇၅၀-၂၈၀၀၊ မြေပဲဆန်ဖြူ တစ်ပိဿာ ကျပ် ၂၇၀၀ - ၂၇၅၀ နဲ့ မြေပဲ(ဆီဆန်) တစ်ပိဿာ ကျပ် ၂၁၀၀ - ၂၂၅၀ အသီးသီး ကျေ ဈးဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းဝယ်လက်ပုံမှန်ရှိလို့ တစ်ရက် အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာတော့ နှမ်းဖြူက တစ်တင်း ကျပ် ၃၁၀၀၀ အထိသာ အမြင့်ဈေးရခဲ့ပြီး၊ နှမ်းညို(အ သစ်) က တစ်တင်း ကျပ် ၂၅၀၀၀ အထိဈေးအေးခဲ့တာ တွေ့ရပါတယ်။ နှမ်းနက်ကတော့ တစ်တင်း ကျပ် ၅၀၀၀၀ အထိ ပြန်မာလာပြီး တရုတ်ဝယ်လိုအားရှိလို့ တစ်ရက် အိတ် ၃၀၀ ခန့် အရောင်း အဝယ်သွက်ခဲ့တယ်လို့ ဆိုပါ တယ်။ နယ်စုံက နှမ်းမျိုးစုံဝင်ခဲ့ ပေမယ့် နှမ်းဖြူကတစ်ရက်အိတ် ၁၅၀ ခန့်နဲ့ နှမ်းညိုက တစ် ရက်အိတ် ၂၀၀ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စားသုံးဆီဈေးကွက်မှာတော့  ပဲဆီ တစ်ပိဿာ ကျပ် ၄၄၀၀- ၄၇၀၀ ၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၃၆၀၀ ကျပ်နဲ့ စား အုန်းဆီ တစ်ပိဿာ ကျပ် ၁၆၂၀-၁၆၄၀ အသီးသီးဈေးငြိမ်နေတယ်လို့ မုံရွာကုန်စည်ဒိုင် ဈေးကွက်ကလေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင် (မုံရွာ)