Main menu

Background

ပို့ကုန်ပဲဈေး ပြန်လည်လှုပ်ခတ်လာ

Thu, 07/07/2016 - 14:06 -- journal_editor

ပြည်ပသို့ တင်ပို့နေတဲ့ မတ်ပဲ၊ပဲစင်းငုံနဲ့ ပဲတီစိမ်းဈေးနှုန်းများ ဈေးငြိမ်နေရာမှ ယခုတစ်ပတ်မှာ ဈေးအတက်အကျပြန်လည်လှုပ်ခတ်လာနေပါတယ်။အိန္ဒိယဈေးကွက်မှ အဝယ်လိုက်တဲ့ အတွက် မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်နေတာဖြစ်ပါတယ်။ပဲတီစိမ်းဈေးကတော့ ရာသီစခါစဈေး ထက် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံ ရာသီပေါ်စဈေးဖွင့်ချိန်ကထက်ရော မနှစ်က ကာလတူထက်ပါ ဈေးမြင့်နေပါတယ်။
မတ်၊  ဧပြီလများက မတ်ပဲတစ်တင်း ဈေး ၄၈၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုအခါ  ၅၇၀၀၀ ကျပ်နဲ့ ဈေးဖွင့်နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်း အတွင်းရေးမှူးထံက သိရပါတယ်။ မတ်ပဲFAQ/RC  တစ်တန် ကျပ် ၁၅ သိန်းဝန်း ကျင်ခန့်ရှိခဲ့ရာမှ  ယခုဇွန်လမှာ ကျပ် ၁၈ သိန်းကျော်ထိလည်းကောင်း၊ ပဲစင်းငုံနီ တစ်တန်ကို ကျပ် ၁၄ သိန်းဝန်းကျင်ရှိခဲ့ ရာမှ ကျပ် ၁၅ သိန်းကျော်ထိလည်းကောင်း မြင့်တက်လာပါတယ်။ ပဲဈေးက ထပ်ပြီး  မြင့် တက်လာနိုင် သလို  ပြန်လည်ကျသွားနိုင် ချေလည်း ရှိနေပါတယ်။
မတ်ပဲနဲ့ ပဲစင်းငုံအထွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို  အိန္ဒိယသို့  အများဆုံးတင်ပို့ပြီး ပဲတီစိမ်းကိုမူ အရှေ့တောင်အာရှနိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိပါတယ်။ အာရှနိုင်ငံ အများအပြားမှာ ပဲတီစိမ်းကို စိုက်ပျိုးကြပါတယ်။မြန်မာ ပဲတီစိမ်းမှာ မူ ဝယ်လက်အိန္ဒိယနိုင်ငံကို အဓိကအားထားရပြီး ဝယ်လိုအားပေါ်မူတည်ပြီး ဈေးနှုန်း အတက်အကျ  ပြောင်းလဲနေတာဖြစ်ပါတယ်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂ သိန်းကျော်   တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီ၊ မေ၊ ဇွန်ဘဏ္ဍာနှစ် ပထမ သုံးလမှာ ပဲမျိုးစုံတန်ချိန် နှစ်သိန်းကျော်ပြည်ပသို့ တင်ပို့ထားပြီးဖြစ်ကြောင်း သတင်း ရရှိပါတယ်။
CMK