Main menu

Background

ကူဘိုတာကုမ္ပဏီမှ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျပ်သိန်းပေါင်း ၆၃၀ တန်ဖိုးရှိ ကျောင်းသုံးစာရေးကိရိယာများလှူဒါန်း

Thu, 07/07/2016 - 15:48 -- journal_editor

မြန်မာနိုင်ငံဒေသအနှံအပြားတွင် ကူဘိုတာအမှတ်တံဆိပ်ဖြင့် လယ်ထွန် စက်များ၊ ရေစုပ်စက်များစသည့် လယ် ယာလုပ်ငန်းသုံးပစ္စည်း ကိရိယာများကို ရောင်းချလျက်ရှိသည့် ှ Siam Kubota Corporation Co., Ltd.  သည် မြန်မာ နိုင်ငံတွင် ကျင်းပမည့် ကလေးများနေ့ နှင့်အပြည်ပြည်ဆိုင ်ရာ ကလေးများနေ့  ကိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါးသောကလေးငယ် များအား ကျောင်းသုံးစာရေးကိရိယာ
များ လှူဒါန်းပွဲကို ဇွန် ၂၈ရက်ကနေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန တွင် ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားတွငSiam Kubota Corporation Co., Ltd. က ကျောင်းနေအရွယ်  ကလေးငယ်များ အတွက် ငွေကျပ် သိန်း ၆၃၀ တန်ဖိုးရှိ စာရေးကိရိယာ ၁၅၀၀၀ ကိုပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်း ၁၅၀၀၀ အနက် ၅၀၀၀ ကို  ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် လှူ ဒါန်းမည်ဖြစ်ပြီး ကျန် ၁၀၀၀၀ ကိုမူကူဘိုတာ၏ အရောင်းကိုယ်စားလှယ်များမှတစ်ဆင့်   ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊   ကျောင်းသူများ အား ပေးအပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။''Kubota Sharing The Future 2016  ၂၀၁၆ လှူဒါန်းမှု စီမံကိန်းသည် မြန်မာ နိုင်ငံ၊ ထိုင်းနိုင်ငံ၊  လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ဆောင် လျက်ရှိသည့် စီးပွားရေး လုပ်ငန်းများ လူမှုနယ်ပယ်အတွင်း ကောင်းကျိုးဖြစ် ထွန်းစေရေး (Corporate Social Responsibilities-CSR)   အစီအစဉ်၏ ဒုတိယအကြိမ်မြောက် ပြုလုပ်ဆောင် ရွက်သည့် အစီအစဉ်ဖြစ်ပါတယ်''Siam Kubota Corporation Co., Ltd.  ၏ Oversea Sales & Marketing ဌာန ၏ ှSenior Department Managerဖြစ်သူ Mr. Punna Wongtanasisikul  က ပြောကြားခဲ့သည်။
မယ်သီတာ