Main menu

Background

ပြည်ဈေးကွက်တွင် မိုးမြေပဲအသစ်များ ဝင်ရောက်လာသဖြင့်ဈေးအနည်းငယ်ကျလာ

Wed, 07/13/2016 - 14:55 -- journal_editor

ပြည်ဈေးကွက်သို့  မင်းတုန်း၊ ပုသိမ်နဲ့   ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆန်အိတ်တစ်နေ့လျှင် အိတ်၅၀၀ခန့်သာ အဝင်ရှိပေမယ့် အရောင်း အဝယ် မဖြစ်တာ တွေ့ရပါတယ်။ မိုးမြေပဲအသစ်များ အနည်းငယ် ဝင်ရောက်လာ သဖြင့် မြေပဲဆန်ဈေးလည်း အနည်းငယ်ကျလာတာ တွေ့ ရပါတယ်။
ယခုအချိန်မှာ  ဆီစက်များနဲ့ ဝယ်လက်များက အဝယ်ပျောက် နေသဖြင့် ဈေးမှာ ယခင်တစ်ပတ်ထက်စာလျှင် ဈေးကျနေတာ တွေ့ရပါ တယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိသာလျှင် ၂၀၀၀ ကျပ်၊ လုံးဆန်  တစ် ပိသာလျှင် ၂၂၅၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျ လာတာကို တွေ့ရပါတယ်။ မြေပဲဆီဈေးကတော့ တစ်ပိသာလျှင် ၅၂၀၀ ကျပ်ဖြင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။                          

     ဝေေ၀မင်း