Main menu

Background

OPPO က ထူးခြားကောင်းမွန်သည့် 4G စနစ်သုံး A37 ဖုန်းကို ကျပ်နှစ်သိန်းကျော်ဖြင့် ရောင်းချပေးလျက်ရှိ

Wed, 07/13/2016 - 15:08 -- journal_editor

OPPO က ထူးခြားကောင်းမွန် သည့် 4G စနစ်သုံး A37  ဖုန်းအမျိုး အစားကို ကျပ် ၂၂၉၀၀၀ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း OPPO ၏သတင်းထုတ်ပြန်ချက်များတွင် ဖော် ပြထားသည်။OPPO သည် အဆိုပါ စမတ်ဖုန်း အမျိုးအစားသစ်တစ်ခုဖြစ်သည့် ဗ၃၇ ဖြင့် မြန်မာနိုင်ငံ၏မိုဘိုင်းဖုန်းဈေးကွက် ကို ဦးဆောင်သွားရန်  ရည်ရွယ်ထား ကြောင်း သိရသည်။
OPPOအဆိုပါစမတ်ဖုန်းA37 အမျိုး အစားသည် ၂၀၁၆ ခုနှစ်အတွင်းမြန်မာ ပြည်ဈေးကွက်နှင့်အထူးသင့်လျော်မှု ရှိ စေမည့်စမတ်ဖုန်းဖြစ်ပြီး ဇူလိုင် ၁ ရက် မှစတင်ကာ ဈေးကွက်အတွင်း စတင် ဖြန်ချိလျက်ရှိကြောင်း သိရသည်။
ယင်းဖုန်းအမျိုးအစား သည် 4Gကွန်ရက်စနစ်ကို  အသုံးပြုထားပြီး ဆင်းကတ်နှစ်ကတ်  ထည့်သွင်းအသုံးပြု နိုင်သည့်Dual Sim Card   အမျိုး အစားဖြစ်သည်။  ထို့ပြင်  အဆိုပါ Dual Sim Card တွင်  မည်သည့်Slot  တွင်  ကတ် စိုက်ထားသည်ဖြစ်စေ 4G  စနစ်ကို အပြည့်အဝအသုံးပြုနိုင်မည်ဖြစ်သည်။ထို့ပြင် သီးသန့်SD Card  ထည့် သွင်းအသုံးပြုနိုင်ရန်အတွက် တတိယ မြောက်Slot ကိုလည်း ထည့်သွင်းပေး ထားကြောင်း သိရသည်။
ယခု  ထုတ်လုပ်လိုက်သည့် OPPO  A37 ဖုန်းအမျိုးအစား၏ ဒီဇိုင်းကို  လှပသေသပ်စွာ ထုတ်လုပ် ထားပြီး ကိုယ်ထည်မှာ သတ္တုကိုယ်ထည် ဖြစ်ရာ  စမတ်ဖုန်းကို ဖက်ရှင် ွGadget  တစ်ခု  အဖြစ်ပါ  ကိုင်ဆောင် အသုံးပြုနိုင် မည်ဖြစ်ကြောင်း  သိရ သည်။
ဖုန်း၏မျက်နှာပြင်မှာ  ငါးလက်မ အရွယ်အစားရှိပြီး မျက်နှာပြင် ပိုမိုလှပ မှုရှိစေရန်နှင့် အကြမ်းခံနိုင်စေရန်2.5D Arc Edge Scree နှင့် ွ Gorilla Glass 4  ကို အသုံးပြုပေးထား သည်။ ကင်မရာပိုင်းတွင်လည်း8MP ရှိသည့် နောက် ကင်မရာနှင့် 5MP ရှိ သည့်ရှေ့ကင်မရာတို့ကို  အသုံးပြုပေး ထားပြီး အလင်းဝင်အားပိုမိုကောင်းမွန် သည့် Aperture တို့ကြောင့်သစ်လွင် တောက်ပသည့်  ကင်မရာပုံရိပ်  အလှကို ဖမ်းယူရရှိစေနိုင်မည်ဖြစ်ကြောင်း သိရ သည်။
ယင်းဖုန်းတွင်System Memory  မှာ 2GB RAM ရှိပြီးInternal Memory  မှာ 16 GB ရှိ ကြောင်း သိရသည်။  ထို့ပြင် ှီ ဃမေိ တစ် ဆင့်တိုးမြှင့်အသုံးပြုလိုပါက ၁၂၈ွြ အထိ ရရှိနိုင်ကြောင်း သိရသည်။
ဘက်ထရီ အမျိုးအစားမှာ ၂၆၃၀ ာဗ့အမျိုးအစားကို အသုံးပြုထားပြီး ဖုန်းအရောင်ရွေးချယ်မှုအနေဖြင့် ွသိူ နှင့် ျွသျန ွသိူ အရောင် နှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။