Main menu

Background

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် မတ်ပဲဈေးကွက် ယခင်နှစ်ထက်ဈေးကောင်းရ၍ လက်ရှိမှာလည်း ဈေးကွက်ခိုင်မာ လျက်ရှိ

Fri, 07/15/2016 - 13:43 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး  ပြည်ပပို့ကုန်သီးနှံဖြစ်တဲ့  မတ်ပဲသီးနှံရဲ့ ယခုနှစ် ဈေးနှုန်းမှာ ယခင်နှစ်က ရရှိတဲ့ဈေးနှုန်းထက် ဈေးကောင်းရရှိနေကာ ဈေးကွက် ခိုင်မာလျက်ရှိကြောင်းသိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ယခုနှစ် တွင်  မတ်ပဲစိုက်ဧက ၁၁၄၇၁၇၄ ဧကစိုက်ပျိုးခဲ့သဖြင့်  ယခင် ၂၀၁၅ ခုနှစ်က ထက် စိုက်ဧက ၁၃၁၁၁ ဧက ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ဟင်္သာတခရိုင်မှာ ပဲဈေးကွက်ကြီးမား၍ ပဲကုန်စည်ဒိုင်၊ ပဲပွဲရုံနှင့်ပဲကုန် သည်များ အများအပြားရှိပြီး ပြည်၊ အညာဒေသများနှင့် ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဟင်္သာတ ခရိုင်ပတ်ဝန်းကျင်မြို့နယ်များ တွင် ပဲမျိုးစုံကို အဓိက စိုက်ပျိုးလျက်ရှိပြီး တိုင်းအတွင်း အခြားမြို့နယ်များတွင် လည်း ပဲကိုစိုက်ပျိုးလျက်ရှိကြောင်း ဈေးကွက်မှသိရပါတယ်။မတ်ပဲစိုက်ပျိုးထုတ်လုပ်ရာတွင် နေရာဒေသကိုလိုက်ပြီး အထွက်နှုန်းကွာ ခြားမှုရှိသော်လည်း အနိမ့်ဆုံး ၁၀တင်း ၁၂ တင်းမှ ၁၇ တင်း ၁၈တင်း ကျော် အထိ ထွက်ရှိတယ်လို့ ဈေးကွက်မှသိရပါတယ်။ ယခင်နှစ် ပဲရာသီမှာ မတ်ပဲတစ် တင်းကို ကျပ် ၃၆၀၀၀ ဝန်းကျင် ဈေးသာရှိသော်လည်း ယခုနှစ် ပဲရာသီမှာ ယခင်က မရခဲ့ဖူးသော ကျပ် ၅၀၀၀၀ ဝန်းကျင်ဈေးနှု န်းရရှိသဖြင့် အမြတ်အစွန်း ပိုမိုရရှိခဲ့ပါတယ်။ မတ်ပဲစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်မှာ နှစ်သိန်းဝန်း ကျင်ခန့် ကုန်ကျစရိတ်ရှိပြီး အနိမ့်ဆုံးပဲ ၁၀ တင်းခန့်ထွက်လျှင်ပင် နှစ်သိန်းခွဲ ဝန်းကျင်အမြတ်ရရှိကြောင်း၊ သွင်းအားစု များထည့်သွင်း၍ ရေသွင်းစိုက်ပျိုး သော တောင်သူများမှာ ပိုမို၍တွက်ခြေကိုက်ကြောင်း ၊ ကန်ကြီးထောင့်မြို့နယ်၊ မာလာကွင်းကျေး ရွာရှိ မတ်ပဲ ၁၇ ဧက စိုက်ပျိုးတဲ့တောင်သူ  ဦးမောင်မောင်စိုး က ပြောပါတယ်။၂၀၁၆  မတ်ပဲ ရာသီဈေးကွက်မှာ ပဲစတင်ပေါ်ချိန်၊ ပဲလှိုင်လှိုင်ထွက်ချိန် ရာသီကုန်ခါနီး ပဲလှောင်ချိန်တို့တွင် ဈေးနှုန်းအနိမ့်အမြင့် ပြောင်းလဲမှုရှိသော် လည်း ယခုနှစ်ဈေးနှုန်းမှာ မတ်ပဲတစ်တင်းကို ငါးသောင်းဝန်းကျင်၊ လေးသောင်းခွဲဝန်းကျင်ဈေး မှာပင် တောင်သူများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင်နှစ် ထက် ဈေးကောင်းရ၍  ပဲဈေးကွက်မှာ အချိန်နှင့်အမျှ နေ့စဉ်ပြောင်းလဲမှုရှိ ကြောင်း ပဲကုန်သည်အသိုင်းအဝိုင်းမှ သိရပါတယ်။ယခုအချိန်  တောင်သူလက်ကြီးသမား များ ငွေကြေးမလိုအပ်သေး၍ တက်ဈေးကိုမျှော်ပြီး ကုန်သည်များထံ အပ်နှံထားတဲ့  တောင်သူများနဲ့  ကုန် သည်လှောင်ပဲများလည်းရှိကြောင်း၊ လက်ရှိဈေးနှုန်းမှာလည်း  တစ်တင်းကို ယခင်ဈေး ငါးသောင်းဝန်းကျင်မှ ယခုမတ်ပဲ တစ်တင်းကို ကျပ် ၅၇၀၀၀ ဝန်း ကျင်ဈေးနှုန်းမြင့်တက်၍ ဈေးကွက်ခိုင်မာလျက် ရှိပြီး တောင်သူများ အကျိုး စီးပွားဖြစ်ထွန်းမှသာ မိမိတို့တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း၊ ကန်ကြီးထောင့်မြို့နယ် ဒေသထွက်ပဲမျိုးစုံရောင်း ဝယ်လျက်ရှိသော ပဲကုန်သည် ဦးစိုးစိုးကပြောပါတယ်။
ခင်ဆွေဦး၊ မင်းမင်းဦး(ပုသိမ်)