Main menu

Background

ယခုဘဏ္ဍာရေးနှစ်တွင်FMI ကုမ္ပဏီ ဝင်ငွေကျပ် ဘီလီယံ ၁၁၀ ကျော်ရရှိ

Fri, 07/15/2016 - 15:33 -- journal_editor

ယခုဘဏ္ဍာရေးနှစ်တွင်FMI ကုမ္ပဏီသည် ဝင်ငွေ ကျပ် ဘီလီယံ ၁၁၀ ကျော်ရရှိခဲ့ကြောင်းFMI  ကုမ္ပဏီ ၏သတင်းထုတ်ပြန်ချက်များအရ သိရ သည်။FMI ကုမ္ပဏီသည် ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေးကဏ္ဍနှင့်ကျန်းမာ ရေး  ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံလျက်ရှိရာယင်းကဏ္ဍကြီးသုံးခု အနက် ဘဏ္ဍာရေးဝနဆောင်မှုကဏ္ဍတစ်ရပ် ဖြစ်သည့် ရိုးမဘဏ်နှင့် ကျန်းမာ ရေး ဝန်ဆောင်မှုကဏ္ဍတစ် ရပ်ဖြစ်သ ည့် ပန်းလှိုင်စီလုံဆေးရုံတို့မှ ခိုင်မာသော ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ် အိမ်ခြံမြေဈေးကွက်သည် ယေဘူယျအားဖြင့် ငြိမ်သက်နေသော် လည်းFMI  ၏ အစုစပ်ကုမ္ပဏီဖြစ်သည့် ကြယ်စင်မြို့တော် (Star City) စီမံကိန်း အား တည်ဆောက်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်သည့် Thanlyin Estate Development  သည် ၎င်း၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ အဆိုပါ   အိမ်ရာတည်ဆောက် ရေး စီမံကိန်းမှ အမြတ်ဝေစု ၃ ဒသမ ၃ဘီလီယံရရှိခဲ့ကြောင်း သိရသည်။ အိမ်ခြံမြေဈေးကွက် တွင် တိုးတက် မှုရရှိနေသည်ဟူသည့် ခံယူချက်အရ ှStar City  နှင့် Kris Plaza တည်ဆောက် ရေးလုပ်ငန်းများသည် လာမည့် နှစ်တွင် ပိုမိုရောင်းချနိုင်မည်ဟု မျှော်လင့် လျက်ရှိပြီးအိမ်ရာဖော်ထုတ် တည် ဆောက်ရေး စီမံကိန်းများအား ထပ်မံ၍ ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရိုးမဘဏ်အား ဆက်လက် တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ တိုးချဲ့ခြင်းဖြင့် ရေရှည်တိုးတက်မှုအား ဖန်တီးနိုင်ရန် ဘဏ်၏စီမံခန့်ခွဲမှုနှင့် နည်းပညာတို့အပေါ်တွင် စူးစိုက်လုပ် ဆောင်လျက်ရှိကြောင်း သိရ သည်။
ရိုးမဘဏ်အနေဖြင့် တယ်လီနော မြန်မာနှင့် ဖက်စပ်ဆောင်ရွက်မှုအဖြစ် Wave Money ငွေလွှဲလုပ်ငန်းတစ်ရပ် ကို ထူထောင်ရန် စီစဉ်ထားပြီး မြန်မာ နိုင်ငံ၏မိုဘိုင်းဖုန်းဖြင့် ငွေလွှဲပြောင်းပေး ပို့မှုကဏ္ဍတွင်အင်အား တစ်ခုဖြစ်လာ ရန်အသင့် အနေအထားတွင်ရှိနေ ကြောင်း သိရသည်။
FMI    ကုမ္ပဏီသည်   ယခုနှစ် အမြတ်ဝေစုအဖြစ် အစုရှယ်ယာတစ်စု လျှင် ၁၃၅ ကျပ် ခွဲဝေပေးမည်ဖြစ် ကြောင်း သိရသည်။FMI  အနေဖြင့် လာမည့်နှစ်များ တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အပေါ် အမြတ်ထုတ်ရန် အကောင်း ဆုံး အနေအထားတွင်ရှိနေကြောင်း၊ ယခု ဘဏ္ဍာရေးအကျိုးဖြစ်ထွန်းမှုများသည် ကျွန်တော်တို့၏အနာဂတ်အလား အလာ များကိုမီးမောင်းထိုးပြလျက်ရှိ ပါကြောင်း၊ မိမိတို့တွင် မဏ္ဍိုင်သုံးရပ် အပေါ် အာရုံစိုက်သော   ရှင်းလင်းပြတ် သားသည့်    စီးပွားရေးမဟာဗျူဟာ တစ်ရပ်ရှိပါကြောင်း   ၊ မိမိတို့သည် မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ရန် အားကိုးတကြီး မျှော်လင့်နေကြသော နိုင်ငံတကာကုမ္ပဏီများအတွက် ရွေး ချယ်ရမည့် စီးပွားဖက်အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ပါကြောင်း၊  လုပ်ငန်း တိုးတက်မှုအတွက် ခိုင်မာသောအခြေခံ အုတ်မြစ်တစ်ရပ်အား  မိမိတို့ ဖန်တီး ထားပြီးဖြစ်ကြောင်း၊ FMI အတွက် အနာဂတ်ကာလသည် လွန်စွာ အလား အလာ  ကောင်းမွန်လျက်ရှိပါကြောင်း ဖြငFMI   ကုမ္ပဏီ၏  ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေက ပြောကြားခဲ့သည်။

MTD