Main menu

Background

ဆက်သွယ်ရေးလောကတွင် အရေးပါလာမည့် Myanmar Connect 2016 ဖိုရမ်ကို စက်တင်ဘာလအတွင်း ကျင်းပမည်

Fri, 07/15/2016 - 15:35 -- journal_editor

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လောကတွင် အရေးအပါဆုံးသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာမည့်Myanmar Connect 2016 ဖိုရမ်ကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း ယူရိုငွေကြေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ကြီး၏ဌာနခွဲ တစ်ခုဖြစ်သည့် Capacity Media  ၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။Capacity Media  သည် အဆို ပါ Myanmar Connect 2016 ဖိုရမ်ကို စက် တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ပြီး ယင်းဖိုရမ်သည် စတုတ္ထ အကြိမ် မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖိုရမ်ကို ဆက်သွယ်ရေးနယ် ပယ်များတွင် နိုင်ငံတကာ၌အောင်မြင် မှုရရှိခဲ့သည်များကို စံနမူနာထားပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများ တိုး တက်အောင်မြင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးပွဲတွင် ပြည် တွင်းစီးပွားရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ပြီး နိုင်ငံတကာဈေးကွက် နှင့် ရင် ဘောင်တန်းနိုင်စေရန်အတွက် ကမ္ဘာ့ အဆင့်မီ စီးပွားရေးမော်ဒယ်ပုံစံ များ ရွေးချယ်ကျင့်သုံး
ကာ အနာ ဂတ် တွင် မြန်မာ့စီးပွားရေး ပိုမိုတိုးတက်လာ စေရန် အဓိက ဆွေးနွေးသွားမည်ဖြစ် သည်။
အမှုဆောင်အရာရှိပေါင်း ၄၀၀ ကျော်ကလည်း မြန်မာနိုင်ငံ၏ စည်း မျဉ်းအသစ်၊ အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်ဝန်ဆောင် မှုနှင့် စီးပွားရေးလုပ်ငန်းများအချင်း ချင်း ဆက်သွယ်မှုအစရှိသည့် ခေါင်း စဉ် ကြီးများ ကို ဟောပြောသွားမည်ဖြစ် သည်။ ထို့အပြင်  မြန်မာ့ဆက်သွယ်ရေး လောကမှ အဓိကပုဂ္ဂိုလ်များ ဖြစ်ကြ သည့် MPT/KSGM Joint  Opera-tions  မှ အမှုဆောင်အရာရှိချုပ်Takash Nagashima , Ooredoo Myanmar မှ အမှုဆောင်အရာရှိချုပ်Rene Meza နှင့်Telenor Myanmar မှ အမှုဆောင်အရာ ရှိချုပ် Petter Furberg တို့လည်း တက် ရောက်ပါဝင်မည် ဖြစ်သည်။ ''ဒီMyanmar Connect ပွဲမှာ ကုမ္ပဏီတွေ၊ ထောက်ပံ့သူတွေ၊ ရင်းနှီး မြှုပ်နှံသူတွေ၊ ဥပဒေလုပ်ငန်းလုပ်ဆောင် သူများ၊ အစိုးရဘက်က အကြီးအကဲ တွေအစရှိတဲ့ အားလုံးကို တစ်စုတစ်စည်းတည်းနဲ့ပေါင်းစည်းပေးပြီး အရှိန်အဟုန် နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာ့စီးပွားရေး နယ်ပယ်ထဲကို စိတ်ပါဝင်စားလာစေဖို့ ပေါင်းစည်းပေးလိုက် တဲ့ပွဲဖြစ်ပါတယ်။ ဒီလိုကျွမ်းကျင်တဲ့ ပညာရှင်တွေကို တစ်စုတစ်စည်းတည်း တွေ့ဆုံခွင့်ရတာ တကယ်ကောင်းပါတယ်'' ဟု မြန်မာ နိုင်ငံဆိုင်ရာဗြိတိန် သံအမတ်ဟောင်း၊ ယခုMyanmar Centre for Respon-sible Business ၏ ဒါရိုက်တာVicky Bowman Myanmar Connect က ယခင်နှစ်   Myanmar Connect  ၏ အောင်မြင်မှုအပေါ်    မှတ်ချက်ပေးခဲ့ သည်။                                  

      MTD