Main menu

Background

ဒေသသုံး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရာမှ ကယားပြည်နယ်မှ မက်ခါသီးဈေးကွက်ဝင်လာ

Mon, 07/18/2016 - 15:24 -- journal_editor

မက်ခါသီးကို  ကယားပြည်နယ် မှာ ရိုးရာ ဟင်းခတ် အမွှေးအကြိုင် အသုံးပြုခဲ့ရာမှ  ယခုအခါ  ဧည့်သည် များက  အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူကြရာမှတစ်ဆင့်  ဈေးကွက် ဝင်ပစ္စည်းတစ်ခု    ဖြစ်လာတာ ကို တွေ့ရပါတယ်။ရှေးယခင်ကတည်းက  ကယား လူမျိုးတို့ရဲ့  ရိုးရာဟင်းလျာတွေထဲမှာ  မက်ခါသီးဟာ  မပါမဖြစ်  အသုံးပြု လျက်ရှိနေပါတယ်။  မက်ခါသီးလို့ ဆို လိုက်တာနဲ့  ကယားလူမျိုးတို့ရဲ့ ရိုးရာ အမှတ်  တံဆိပ်တစ်ခု
အဖြစ်ယှဉ်တွဲပြီး လူသိများလျက်ရှိပါတယ်။ မက်ခါသီး တစ်ပင်ဟာ ငါးနှစ်မှစပြီး   အသီးသီးပါ တယ်။  မက်ခါသီးတစ်ပင်ကို  အသီး တစ်ပြည်ခန့်ရရှိပြီး  တစ်နှစ်ပတ်လုံး ဆွတ်ခူးရ ရှိပါတယ်။  မက်ခါသီးမှာအယဉ်မျိုးနဲ့ အရိုင်း မျိုးဆိုပြီး  နှစ်မျိုး ရှိပါတယ်။  မက်ခါသီးရဲ့  အရသာဟာ ပူစပ်ပူလောင်  ရှတတအရသာရှိပြီး အညှီဟောက်   အနံ့ကို  နိုင်ပါတယ်။ မက်ခါသီးအယဉ်မျိုးနှင့် အရိုင်းမျိုးရှိ သည့်အနက် အရိုင်းမျိုးမှာ လျှာအနည်း ငယ်ယား တတ်ပါ တယ်။   မက်ခါသီး အယဉ်   နို့ဆီဘူးတစ်ဘူးလျှင်  ကျပ် ၁၅၀၀ နဲ့ အရိုင်းမျိုးမှာ  နို့ဆီဘူး တစ် ဘူးလျှင်  ကျပ် ၁၀၀၀ ကျပ်ဖြင့် ရောင်း ချလျက်ရှိပါတယ်။  
ယခုအချိန်အခါမှာ မက်ခါ သီးကို ငရုတ်သီးမှုန့်နဲ့ ရောနှော ၍ ပါကင်ဘူးများအဖြစ်  ထုပ်ပိုးကာ ရောင်းချလာတာကို   တွေ့ရပါတယ်။ ကယားပြည်နယ်သို့ လာရောက်လည် ပတ်ကြတဲ့ ခရီးသွားဧည့်သည်များက အိမ်ပြန် လက်ဆောင် အဖြစ်   ဝယ်ယူ သွားရာမှ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါတယ်။
ဗညားထက်(Myan Trade )