Main menu

Background

မိုးတွင်းကာလဖြစ်၍ ပုသိမ်ထီးဈေးကွက်အရောင်းအဝယ်အေး

Thu, 07/28/2016 - 10:34 -- journal_editor

ယခုကာလသည် မိုးတွင်းကာလ ဖြစ်၍ ပုသိမ်မြို့ရဲ့ အဓိကဈေးကွက် တစ်ခုဖြစ်တဲ့ ပုသိမ်ထီးဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၊   ပြည်ပဈေးကွက် ခိုင်မာစွာ ရရှိထားတဲ့   ပုသိမ်ထီးဈေး ကွက်မှာ  ပြည်တွင်းတွင်ရန်ကုန်၊ မန္တလေး၊  နေပြည်တော်၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်၊  တောင်ကြီးမြို့ များရှိ ဟိုတယ်များနဲ့ ငွေဆောင်၊ချောင်း သာ၊ ငပလီကမ်းခြေဟိုတယ်များတွင် အလှဆင်ရာ မှာလည်းေ ကာင်း ၊ မြန်မာ့ ရိုးရာ ရှင်ပြု၊ နားသ၊ အလှူမင်္ဂလာ ပွဲများမှာလည်းကောင်း အသုံးပြုလျက် ရှိပြီး လေးလက်မမှ လက်မ ၂၀ အထိ အရွယ်အစား အမျိုးမျိုးဖြင့် ထုတ်လုပ် လျက်ရှိပါတယ်။
ကမ်းခြေသုံးဆိုဒ်ကြီးထီး များမှာ လေးပေမှ ၁၀ ပေ ၊ ၁၂ ပေ အထိရှိပြီး   ဈေးနှုန်းမှာလည်း ကျပ် ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ မှစ၍ ကျပ် ၈၀၀၀၀ - ၁၀၀၀၀၀ ကျော်အထိ ရှိပါတယ်။ထီးတစ်ချောင်းလုံးကို ဒေသထွက်ကုန်ကြမ်းများဖြစ် တဲ့ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင် ပိတ်စ၊ ချည်ကြိုးများကိုသုံးလျက် ၎င်းင်းထီးပေါ်တွင်  ကနုတ်ပန်းချီဖြင့် အလှဆင်ထားပါတယ်။ ပန်းချီဒီဇိုင်း များအမျိုးအစားအားဖြင့် ၁၀၀ ကျော် ရေးဆွဲထားပြီး အဆိုပါဒီဇိုင်း များ မှာ မြန်မာ့ အနုပညာကို ဖော်ထုတ်ပြသ ထားတဲ့ ရှေးခေတ်ရိုးရာဒီဇိုင်းများနဲ့ ရိုးရာမပျက်ခေတ်မီဒီဇိုင်းများဖြစ်ပြီး ဝယ်ယူသူများကို ဆွဲဆောင်မှု ရှိစေပါ တယ်။
'' ပုသိမ်ထီးရဲ့ ထူးခြားချက်မှာ ထီးတစ်ချောင်းလုံးကို လက်နဲ့သာ ပြု လုပ်ထားတဲ့အတွက် မြန်မာ့ရိုးရာ လက် မှုပညာစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ အနု ပညာလက်ရာမြောက် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ပ နိုင်ငံ သားများ  လွန်စွာနှစ်ခြိုက်ကြတဲ့ မြန်မာ့ လက်မှုပစ္စည်းဖြစ်ပါတယ်။'' လို့ ပုသိမ်မြို့တောရကျောင်းလမ်းမှ ရွှေစာ ထီးလုပ်ငန်းရှင် ဦးမင်းနိုင်က ပြောပါ တယ်။
မြန်မာ့ရိုးရာ လက်မှုပစ္စည်း ဖြစ် တဲ့ ပုသိမ်ထီးဟာ ပြည်ပပို့ကုန်ပစ္စည်း များအနက် နိုင်ငံခြားသားများ အထူး နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် ပုသိမ် ထီးဟာ မိုးတွင်းကာလမှာ ဈေးကွက်  အတွင်း အရောင်းအဝယ်အေးသလို ထီးပင်ရင်းဆိုင်ကြီးများ အနေနဲ့လည်း  အမှာစာရရှိမှသာ ဈေးကွက်သို့ တင်ပို့ ရောင်းချရန် ပြုလုပ်ပေးလျက်ရှိပါ တယ်။မိုးတွင်းကာလ ပြည် တွင်းပြည်ပ ခရီးသွားများ ဝင်ရောက်မှုနည်းပါး ချိန်မှာ အရောင်းအဝယ်အေးပြီး ပွင့်လင်း ရာသီရောက်မှသာ အရောင်း အဝယ် သွက်လေ့ရှိကြောင်း သိရပါတယ်။
မင်းမင်းဦး (ပုသိမ်)