Main menu

Background

ပုလဲမြို့နယ်တွင် နွေပဲတီစိမ်းများ စတင်ရိတ်သိမ်း

Fri, 07/29/2016 - 12:47 -- journal_editor

ပုလဲမြို့နယ်မှာ နွေပဲတီစိမ်းများ  စတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်။ ပုလဲမြို့ နယ်မှာ နှစ်စဉ်  နွေပဲတီစိမ်းစိုက်ဧက  သုံးထောင်ကျော်ရှိတဲ့အတွက် တင်းပေါင်း ၃၅၀၀၀ ခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါ တယ်။ နွေပဲတီ စိမ်းပေါ က်ဈေးမှာ တစ်တင်းလျှင် ကျပ် ၃၀၀၀၀ခန့်ရှိတဲ့ အတွက် တစ်ဧကကို ကျပ်တစ်သိန်းခွဲခန့်   အမြတ်ကျန်နိုင်တယ်လို့ လက်ပုကန်ကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူဦးစိန်ပြူးကပြောကြားပါတယ်။''ကျွန်တော်တို့ဆီမှာတော့ ရေဆင်း - ၁၄ မျိုးကိုစိုက်ပျိုးပါတယ်။ ပဲတီစိမ်းမျိုး ကောင်းမျိုးသန့်တစ်ပြည်ကိုကျပ် ၆၀၀၀ ပေးဝယ်ရပါတယ်။ ဒီနှစ်မှာအဝါပင်တွေများ တဲ့အတွက် မနှစ်ကလောက်တော့  မရပါဘူး။တစ် ဧကကို ၁၀ တင်း၊ ၁၂ တင်း လောက်ပဲထွက်ပါတယ်။ တစ်ဧကကုန်ကျ စရိတ်ကကျပ် ၁၇၀၀၀၀ လောက်ရှိ တာကြောင့် အခုလက်ရှိပေါက်ဈေး တစ်တင်းကျပ် ၃၀၀၀၀ ရှိတဲ့အတွက် အမြတ်တစ်သိန်းခွဲလောက်ကျန်ပါ တယ်။ အမြတ်နည်းတာနဲ့များတာပဲကွာသွားမှာပါ''လို့ ၎င်းကပြောကြားခဲ့ပါတယ်။                                   

             သီတာခိုင်(ယင်းမာပင်)