Main menu

Background

မုံရွာကုန်စည်ဒိုင် ဇူလိုင် စတုတ္ထပတ်ပဲဈေးကွက် ငုံနီဈေးဆက်လက်ကျဆင်းလာ

Tue, 08/02/2016 - 14:45 -- journal_editor

          မုံရွာကုန်စည်ဒိုင်ရဲ့ ဇူလိုင်စတုတ္ထပတ်ပဲဈေးကွက်မှာ ကုလားပဲ မျိုးစုံ၊ ပဲတီစိမ်းနဲ့မတ်ပဲတို့ ဈေးငြိမ်နေ ပေမယ့် ငုံနီကတော့ တစ်တင်းကျပ် ၄၂၀၀၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ် ခဲ့တာတွေ့ ရပါတယ်။ ပေါက်ဈေးအရ   ဝယ်လက် နှစ်သက်ဖွယ်ဖြစ်ခဲ့ပေမယ့်  ရောင်းလို အားရှားတဲ့အတွက်  တစ်ရက် အိတ် ၃၀၀၊ ၄၀၀ ဝန်းကျင်သာ  အရောင်းအဝယ် ဖြစ်နိုင်တယ်လို့   ဈေးကွက်မှ သိရပါတယ်။
        ကုလားပဲဈေးကွက်ကတော့ ယခု တစ်ပတ်မှာလည်း အမြင့်ဈေးမှာ ငြိမ် ခဲ့ ကာ v2  တစ်တင်း  ကျပ် ၄၂၄၀၀၊ ထိုင်ဝမ်တစ်တင်း ကျပ် ၄၀၇၀၀ နဲ့ ၉၂၉ တစ်တင်း  ကျပ် ၄၀၂၀၀ အသီးသီး ပေါက်ဈေးဖြစ်ခဲ့ပြီး  ပဲမျိုးစုံ တစ် ရက် အိတ် ၄၀၀ ခန့် အရောင်းအဝယ်ဖြစ် နိုင်တယ်လို့ သိရပါတယ်။ စိမ်းကြီး ဈေးကွက်မှာလည်း နယ်အဝင်နဲ့ ဝယ် လက်မျှနေပေမယ့် ယခုတစ်ပတ်မှာ တစ်တင်း  ကျပ် ၂၇၅၀၀ အထိအမြင့် ဈေးပေါက်ခဲ့ပြီး တစ်ရက်အိတ် ၃၀၀၊ ၄၀၀ ခန့် အရောင်းအဝယ်ဖြစ်နိုင်တယ် လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ်မတ်ပဲဈေးကွက်ကတော့ နယ်အဝင်နည်းပေမယ့်   ဝယ်လိုအားနဲ့ မျှနေလို့   ယခုတစ်ပတ်မှာ   မတ်ပဲ (အသစ်) ကျပ် ၄၉၀၀၀၊   အဟော င်း တစ်တင်း ကျပ် ၅၂၀၀၀ နဲ့ ဈေးငြိမ်ခဲ့ပြီး တစ်ရက်အိတ် ၂၀၀ ခန့်    အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
       ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့ တဲ့  ကျန်ပြည်တွင်းသုံးလက်လီပဲဈေး တွေအနေနဲ့ တစ်တင်း ကျပ် ၂၀၀ မှ ကျပ် ၅၀၀ ကြား အတက်/အကျ   ရှိနေ ခဲ့ရာ စွန်တာနီတစ်တင်းကျပ် ၁၄၅၀၀၊ ကျပ် ၁၅၀၀၀၊ ထောပတ်ပဲတစ်တင်း ကျပ် ၁၁၅၀၀၊ ပဲကြီး  တစ်တင်း(ကြီး) ကျပ် ၂၆၀၀၀၊ (သေး) ကျပ် ၂၂၅၀၀၊  ပဲနီ လုံးကြား ကျပ် ၁၅၃၀၀၊   ပဲပုပ်စေ့ တစ်တင်း  ကျပ် ၁၇၅၀၀၊  ပဲယင်းဝါ  ကျပ် ၁၅၅၀၀၊ ပုဂံပဲတစ်တင်း ကျပ် ၁၇၅၀၀နဲ့ မြေထောက်ပဲတစ်တင်း ကျပ် ၁၉၀၀၀၊ ကျပ် ၁၈၀၀၀ အသီးသီး ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပြီး၊ ပဲတစ်မျိုး အိတ် ၁၀၀ မှ ၂၀၀ ကြား     ပုံမှန်အရောင်း အဝယ်ဖြစ်နေ တယ်လို့ မုံရွာကုန်စည် ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်(မုံရွာ)