Main menu

Background

ပြည်ပသို့ ရေထွက်ကုန်တင်ပို့ရာ၌ အရည်အသွေးထောက်ခံချက်မပါလျှင် အရေးယူမည်

Tue, 08/02/2016 - 15:41 -- journal_editor

        မြန်မာနိုင်ငံမှ ပြည်ပသို့  ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်ကုန်အပြင်  ရေထွက်ကုန်များလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ပြည်ပသို့တင်ပို့ခဲ့တဲ့  ရေထွက်ပစ္စည်းများကို စစ်ဆေးကာ စားသုံးရန်သင့်လျော်ပြီး ကျန်းမာရေးနှင့် ညီ ညွတ်သော အစားအစာဖြစ်ကြောင်း အတည်ပြုထောက်ခံချက်ရရှိမှသာ ပြည်ပသို့ တင်ပို့ရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ဇူလိုင် ၂၆ ရက်စွဲပါ ညွှန်ကြား ချက်အမှတ် (၃/၂၀၁၆) နဲ့ ထုတ်ပြန် ထားပါ တယ်။ "တရုတ်နိုင်ငံနဲ့  အီးယူ (ဥရောပသမဂ္ဂနိုင်ငံများ) က ကျန်းမာရေးထောက်ခံချက် တောင်းတော့ ငါးလုပ်ငန်းဦးစီးကို လာလျှောက်ရင် စစ်ဆေးပြီးထုတ်ပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံနဲ့ တချို့နိုင်ငံတွေက  မတောင်းတော့ ဒီအ တိုင်း ပို့နေကြ တယ်။ ဖြေလျှော့ ပေးရင်းကနေ လာအစစ်ခံတဲ့သူနည်းလာပြီး စည်းကမ်းမလိုက်နာကြတော့လို့ပါ"ဟု ငါးလုပ်ငန်းဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
      အဆိုပါ ထုတ်ပြန်ချက်အရ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့ရာတွင် နယ်စပ်မှ တင်ပို့မှုနဲ့ ပင်လယ်ရေကြောင်းမှ တင်ပို့မှုနှစ်မျိုးစလုံးမှာ ရေခဲရိုက်ခြင်းနဲ့  အေးခဲထားတဲ့ ရေထွက်ကုန်အားလုံး အကျုံးဝင်ကြောင်း  ဖော်ပြ ထားပါ တယ်။ ၁၉၉၄ ခုနှစ် သြဂုတ်  ၃၀ ရက်က  အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှုအားနည်းသဖြင့် ယခုထပ်မံ အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ညွှန် ကြားချက်များကို  လိုက်နာဆောင်ရွက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲ ငါးလုပ်ငန်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မယ်လို့ အဆိုပါညွှန် ကြားချက်မှာ ဖော်ပြထားပါတယ်။ ရေချို၊ ရေငန်ငါးများကို ဖမ်းဆီးရောင်းဝယ်ကြတဲ့အခါ  ငါးလုပ်ငန်းနဲ့ ဦးစီး ဌာန ရဲ့ခွင့်ပြုချက် ရယူရမယ်ဆိုတဲ့အချက်ကို မလိုက်နာရင် ပင်လယ်ထွက်ပစ္စည်း ဆိုပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနဲ့  အရေးယူပြီး ရေချိုငါးတွေဆိုရင် ရေချို ငါးလုပ်ငန်းဥပဒေနဲ့ အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး  ငါး လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
     ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများ ပို့ကုန်လုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်း ပြည်ပ တင်ပို့သည့် ကုမ္ပဏီများကို လည်း ညွှ န်ကြာ ချ က်ဖြန့်ေ၀ ထားကြောင်းသိရပါတယ်။

 

ခင်မြနွယ်