Main menu

Background

ဓာတ်ဆီတန်ချိန် ၂၀ကျော်နဲ့ ဒီဇယ်တန်ချိန် ၁၀၀ကျော်ဝင်

Wed, 08/03/2016 - 15:14 -- journal_editor

ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်  သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ ၅၅၉၀၃၂၈တန်ဖိုးရှိ ဒီဇယ် ၁၁၅ ဒသမ ၉၃၅တန်နဲ့ကန်ဒေါ်လာ ၁၃၂၈၁၀၇ တန်ဖိုးရှိ ဓာတ်ဆီ ၂၁ ဒသမ ၃၀၇တန်ကို တင် သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ အဆင့်မြင့်ဒီဇယ်၊ ၉၂ နဲ့ ၉၅ တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဓာတ်ဆီအဝင်မှာ တန်ချိန် ၃၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင် သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၂၉၀ ေ ကျာ်တင်သွင်းမှုလျော့ခဲ့သလို ယခင်တစ်ပတ် ဒီဇယ်အဝင်မှာ တန်ချိန်၂၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၁၀၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ဒီဇယ် ရော ဓာတ်ဆီပါ တင်သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။
          နယ်စပ်စခန်းများဖြစ်တဲ့ မြဝတီစခန်းမှ ကန်ဒေါ်လာ၄၄၇၀၈ တန်ဖိုးရှိ ဓာတ်ဆီ တန်ချိန် ၈၀ နဲ့ ကန်ဒေါ်လာ၂၈၂၈၅ တန်ဖိုးရှိ ဒီဇယ် ၈၁ တန် ဝင်လာခဲ့တယ်လို့ သိရပါတယ်။ မြိတ်စခန်းမှ ကန်ဒေါ်လာ ၃၆၅၄၄၀ တန်ဖိုးရှိ ဒီဇယ်တန်ချိန် ၈၀၀နဲ့ ကန်ဒေါ်လာ ၁၇၀၉၀၄ တန်ဖိုးရှိ ဓာတ်ဆီ တန်ချိန် ၃၄၀ တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ် ဈေးများက တောင်ကြီး၊ မော်လမြိုင်နဲ့ ရန်ကုန်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီ ပီပါဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနှင့် နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးအနည်းငယ် ကျလာတယ် လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက    စက်သုံးဆီဆိုင်များမှာ  ရောင်းချနေတဲ့  အောက်တိန်း (၉၂)၊ ဒီဇယ်၊ အဆင်မြင့်ဒီဇယ်နဲ့ အောက်တိန်း (၉၅) မှာ ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံး ဆီဆိုင်မှာ ရောင်းချ နေတဲ့ဈေးမှာ ဒီဇယ် ၅၆၀ ကျပ်၊ အောက်တိန်း (၉၂) ၅၆၀ ကျပ်၊ အောက်တိန်း (၉၅) ၆၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၅၉၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၅ ရက် ဒီဇယ်ဝယ်ဈေး ၁၀၇ ၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၀၀၀၀ ကျပ်ဈေးရှိခဲ့ရာ ၂၇ ရက်မှစပြီး ဝယ်ဈေး ၂၀၀၀ ကျပ် ရောင်းဈေး  ၃၀၀၀ ကျပ်  ဈေးကျခဲ့တယ်လို့ သိရပါတယ်။ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ၂၀၀၀ ကျပ်ဝန်းကျင်ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီပီပါ ဈေးမှာ ဇူလိုင် ၂၅ ရက်တွင် ဝယ်ဈေး ၁၂၄၀၀၀ကျပ်၊ ရောင်းဈေး ၁၂၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၇ ရက်တွင် ဝယ်ဈေး ၁၂၂၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၆၀၀၀ ကျပ်ဈေးသို့  ဈေးကျပြီးအရောင်းအဝယ်ဖြစ်  ခဲ့တယ်လို့သိရပါတယ်။  တစ်ဂါလန်ဈေးမှာ ဒီဇယ်ရော ဓာတ်ဆီပါ  တစ်ဂါလန် ၂၈၀၀-၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
            မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ  ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၆၇၀ ကျပ်၊ ဒီဇယ် ၆၀၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၆၄၅ ကျပ်၊  အောက်တိန်း (၉၂) ၆၄၅ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ပီပါဈေးများမှာ ဇူလိုင် ၂၅ ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၁၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် ခဲ့ပြီး ၂၇ ရက်တွင် ဝယ်ဈေး ၁၀၉၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၃၀၀၀ ကျပ်ဈေးနဲ့အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇူလိုင် ၂၅ ရက်တွင် ဝယ်ဈေး ၁၂၈၀၀၀ကျပ်၊ ရောင်းဈေး ၁၃၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၂၆ ရက်မှ စပြီး ဝယ်ဈေး ၂၀၀၀ ကျပ်ဈေးမြင့်ခဲ့သော်လည်း ရောင်းဈေးမှာ ၁၃၂၀၀၀ ကျပ်နဲ့ ပဲ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့သိရပါ တယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ဈေးကျခဲ့သော်လည်း ဓာတ်ဆီဝယ်ဈေး  နည်းနည်းမြင့်ခဲ့တယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၂၇၀၀ ကျပ်၊ ဓာတ်ဆီ ၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ ၊ဒီဇယ်နဲ့ အောက် တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင် မှာ ရောင်းချနေ တဲ့ဈေးများမှာ  ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ဒီဇယ်တစ်ဂါလန် ၃၀၀၀ကျပ်နဲ့ အရော င်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။