Main menu

Background

ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာ

Wed, 08/10/2016 - 13:04 -- journal_editor

       သြဂုတ်လ ပထမပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်း သစ်များ စတင် ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။  ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိတ် ၃၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါ တယ်။ ပဲဈေးမှာ တစ်တင်း  ကျပ် ၂၅၅၀၀ ဖြင့်သာ ဈေးစဖွင့်ခဲ့ပြီး မန္တလေးဝယ်လက် ကတော့ နေ့စဉ်ဝယ်ယူနေတယ်လို့ သိရပါတယ်။
      ယခုနှစ် ပဲတီစိမ်းဈေးများမှာ တစ်တင်း ကျပ် ၂၅၅၀၀ သာရရှိခဲ့လို့ ယခင် နှစ်က ဈေးကို မမီခဲ့ဘဲ ဈေးအေးခဲ့တာတွေ့ရပြီး ယခင်နှစ်က ပဲတီစိမ်းအဖွင့်ဈေးမှာ တစ်တင်း ကျပ် ၃၅၀၀၀ကျော် ရရှိနေခဲ့လို့ ဈေးကောင်းခဲ့တဲ့နှစ်ဖြစ်ပါ တယ်။ ပြည်ပဲ ဈေးကွက်မှာ ပဲတီစိမ်းသီးနှံကို မန္တလေးဝယ်လက်က အဓိကထားဝယ်ယူလျက်ရှိ ကြောင်း သိရပါတယ်။

 

ခင်ဆွေဝင်း