Main menu

Background

မော်တော်ယာဉ်ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မည်

Tue, 08/30/2016 - 15:45 -- journal_editor

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)မှ မော် တော်ယာဉ်ဥပဒေ ပြင်ဆင်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာ အစိုးရဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်အသင်းနှင့် တရားဝင်အသိအမှတ်ပြု မော်တော် ယာဉ်ဖြန့်ဖြူးေ ရာင်းချ သူများအသင်းတို့မှ ဥက္ကဋ္ဌများကို ဖိတ်ကြားထားကြောင်း သိရသည်။
         ကားဈေးကွက်အတွင်းရှိ လုပ်ငန်းရှင်ကြီးများနှင့် တစ်ပိုင်တစ်နိုင် ကားတင်သွင်းရောင်းချသူများက တည်ငြိမ်ခိုင်မာသည့် မူဝါဒတစ်ခု ချမှတ်ပေးရန်မျှော်လင့်နေကြပြီး အဆိုပါအစည်းအဝေးပွဲမှ ရရှိလာမည့် ရလဒ်များကိုေ စာင့်မျှော်နေကြသည်ဟုmotors.com.mm သို့ ပြောကြားခဲ့သည်။လက်ရှိအချိန်တွင် ကားဈေးကွက်မှာ အရောင်းအေးရာသီအတွင်းရောက်နေသည့်အပြင် ရန်ကုန်ပါမစ်ပိတ်ထားခြင်း၊ ဝင်ငွေခွန်နှင့် တိုက်ကြေစလစ် ကိစ္စများေ ကြာင့် ကားဈေးများမြင့် တက်ကာ အရောင်းအဝယ်အေးလျက်ရှိပြီး နံပါတ်ဟောင်းကားများသာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
         motors. com.mm  မှ Director (Marketing & Communication) ဖြစ်သူ ကိုညိုသွေးနိုင်က "တိုက်ကြေစလစ်မူဝါဒ ထုတ်ပြန်ပြီးနောက် motors.com.mm မှာ နံပါတ်ဟောင်း ကားတွေပဲအတင်များလာ ကို ေ တွ့ရပြီး ဒီကားတွေပဲ အရောင်းအဝယ်ဖြစ်နေပါတယ်"ဟု ဆိုသည်။ ထို့အပြင် ရှင်စောပုယာဉ်ရောင်းဝယ်ရေးစခန်းရှိ တစ်ပိုင်တစ်နိုင်တင်သွင်း ရောင်းချသူတစ်ဦးက "ကားအမြင့်ပိုင်းတွေရဲ့ဈေးက သိသိသာသာ တက်သွားတာေ ကြာင့် အရောင်းပိုအေးသွားပါတယ်။ ခါတိုင်းနှစ် ဒီရာသီမှာတစ်စီးစ၊နှစ်စီးစ ရောင်းရပေမယ့် အခုဆိုရင် လာမေးတာတောင် အတော် နည်းသွားတယ်။ ( တစ်ပတ်ရစ်) ကားအမြင့်တွေရဲ့ဈေးက Brand New ကားတွေ နားကပ်ေ နတာကြောင့် ဒီလိုအရောင်းအေးသွားတာ အထူးအဆန်းတော့ မဟုတ်ပါဘူး" ဟု ဆိုခဲ့သည်။ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှတင်သွင်းရောင်းချသူတစ်ဦးကမူ "ကားအရောင်းတွေလည်း အရမ်းအေးနေ တယ၊် ကောင်း သည၊်ဆးိုသည ် ဘယ်လိုပြဲဖြစ်ဖစ ် တိကျသေချာတယ့် မူဝါဒတစ်ခု ထွက်လာရင် အဆင်ပြေသွားမယ်ထင်ပါတယ်"ဟု သူ၏ ထင်မြင်ချက်ကိုထုတ်ဖော်ပြောကြားခဲ့သည်။

 

မယ်သီတာ