Main menu

Background

နနွင်းတင်ပို့အားကောင်း

Wed, 08/31/2016 - 13:36 -- journal_editor

         ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ် ၁၄ ရက်မှ ၂၀ ရက် သီတင်း ပတ်အတွင်း နနွင်း၂၉၃ ဒသမ ၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှား သို့ ၁၈၅ တန်နဲ့ စင်ကာပူသို့ ၁၀၈ ဒသမ ၈ တန်တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က နနွင်းတင်ပို့တန်ချိန်မှာ တန်ချိန် ၁၈၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၁၁၀ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်မှာ မလေးရှားသို့ နနွင်းအများ ဆုံး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ၂၀၂၆၉၁ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း