Main menu

Background

ခရီးသွားလုပ်ငန်းကဏ္ဍ စာရင်းအင်းစနစ် ပိုမိုတိုးတက်လာစေရေးအတွက်System of Tourism Statistics အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Wed, 08/31/2016 - 14:46 -- journal_editor

         အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ဝန်ဆောင်မှုကဏ္ဍတစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ ဖြိုးတိုးတက် လာစေရေးအတွက် နယ်သာလန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင် ရေး ဗဟိုဌာနမှ Netherlands Trust Fund NTF III ၏ ရန်ပုံငွေ အထောက် အပံ့နှင့် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာန ( Inclusive Tourism Focusing  on Kayah State )၏ နည်းပညာအကူအညီဖြင့် ကယားပြည်နယ်တွငf Inclusive Tourism Focusing  on Kayah State စီမံကိန်းကို ၂၀၁၄ ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်လျက်ရှိပါသည်။
         ကယားပြည်နယ်ကို အခြေခံ၍ ရိုက်ကူးသော လေ့လာရေးခရီးသွား မှတ်တမ်းဗွီဒီယိုကို မတ်လအတွင်းက ဂျာမနီနိုင်ငံ၊ ဘာလင်အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်းပြပွဲတွင် ဝင်ရောက်ပြသခဲ့ရာ ITB Diamond Award 2016 ဆုရရှိခဲ့သဖြင့် ကယား ပြည်နယ်ကို ဥရောပဒေသရှိ ခရီးသွား ဧည့်သည်များ၏ စိတ်ဝင်စားမှု တိုး တက်လာခဲ့ပါသည်။ ကယားပြည်နယ် တွင် ၂၀၁၇ ခုနှစ်အထိ ဆက်လက် အကောင်အထည်ဖော်မည့် အဆိုပါ စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ခရီးသွားလုပ်ငန်းကဏ္ဍစာရင်းအင်း စနစ်ပိုမိုတိုးတက်လာစေရေးအတွက် ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့  UNWTO မှ စာရင်းအင်းဆိုင်ရာ ကျွမ်းကျင်သူများလာရောက် ၍ မြန်မာ နိုင်ငံ တွ င် နိုင်ငံခြားသား ခရီးသွား ဧည့်သည် အဝင်အထွက်စာရင်းအင်း ကောက်ယူမှု၊  ခရီးသွားလုပ်ငန်းအပေါ် သတင်းအချက်လက် ဖြန့်ဝေပေးနိုင်မှု၊  ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု၊ ဟိုတယ်နှင့်စပ်လျဉ်း သ ည့် စီးပွားရေးလုပ်ငန်းများအပေါ် စစ်တမ်းကောက်ယူ လေ့လာမှုများကို ပြုလုပ်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန အပါအဝင် ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊  လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလုံခြုံရေးတပ်ဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနတို့မှ တာဝန်ရှိသူများနှင့် သွား ရောက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြ သည်။ ဆက်လက်၍ ခရီးသွား လုပ်ငန်းနှင့် စပ်လျဉ်းသည့် စာရင်းအင်း စနစ် ပိုမို တိုးတက် သုံးစွဲနိုင်စေရန် အတွက် သက်ဆိုင်ရာဌာနများမှ အဆင့် မြင့်အရာထမ်းများနှင့် အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များပါဝင်၍ System of Tourism Statistics အလုပ်ရုံ ဆွေး နွေးပွဲကို သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
       အဆိုပါ ကျွမ်းကျင်သူတို့သည် ကယားပြည်နယ်အတွင်း ခရီးသွား လုပ်ငန်းလိုင်စင်မှတ်ပုံတင် စီမံခန့်ခွဲမှု အခြေအနေ၊ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုနှင့်ဆက်လက်တိုးတက် ဆောင် ရွက်သွားမှုတို့ကို ဆွေးနွေးနိုင်ရန် စီမံ ကိန်း အကောင်အထည်ဖော်ရာ ကယား ပြည်နယ်၊ လွိုင်ကော်မြို့သို့ သွားရောက် ၍  သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင် ဘာလ ၁ ရက်တို့တွင် ကယားပြည်နယ် အတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေ သည့် အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့ အစည်းများနှင့် တွေ့ဆုံပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

မြတ်မြတ်စိုးမိုး (NES Unit)