Main menu

Background

ပုသိမ်ဆန်စပါးဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးကျဆင်းလျက်ရှိ

Wed, 09/07/2016 - 14:08 -- journal_editor

သြဂုတ်လအတွင်း   ပုသိမ်ဆန် စပါးဈေးကွက်မှာ  အရောင်းအဝယ် အေးလျက်ရှိပြီး ယခင်လထက် ဈေးကျ  ဆင်းလျက်ရှိကြောင်း   ယခင်နှစ်ရေကြီး ချိန်က နွေသီးထပ်ရင် ဆန်တစ်အိတ်ကိုကျပ်၂၀၀၀၊ ကျပ် ၃၀၀၀ ဈေးနှုန်းမြင့် တက်ခဲ့သော်လည်း ယခုနှစ် သြဂုတ်လ အတွင်း ကာလတူရေကြီးချိန်မှာ  ဆန် စပါးဈေးနှုန်း မြင့်တက်မှုမရှိကြောင်း ဈေးကွက်မှ သိရပါတယ်။ယခင်လက ဧရာဝတီပေါ်ဆန်း စပါး ၁၀၅ ပေါင်   (တင်း ၁၀၀)လျှင် ၁၀၅၀၀၀၀ ကျပ်၊ ယခု ၁၀၄၀၀၀၀ ကျပ်၊ ၁၀၃၅၀၀၀ ကျပ်၊ ပေါ်ဆန်းရင် စပါး ၁၀၅ ပေါင် (တင်း  ၁၀၀)လျှင် ၉၅၀၀၀၀ ကျပ်ဈေးမရှိခဲ့သော်လည်း ယခုအခါတွင် ကျပ် ၉၄၀၀၀၀၊ ၉၃၅၀၀၀ ဈေးဖြစ်သွားပြီး၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ယခင်ကျပ် ၃၅၀၀၀ မှ ယခု ၃၄၅၀၀ ကျပ်၊ ၃၄၀၀၀ ကျပ်၊ ပေါ်ဆန်းရင်ဆန်တစ်အိတ်လျှင် ၃၄၀၀၀ ကျပ်မှ ယခု ၃၃၀၀၀ ကျပ်၊ ၃၃၅၀၀ ကျပ်ဈေးသို့ ရောက်ရှိသွားကြောင်း၊ မိုးစပါးဟောင်း မနောသုခ၊ မျိုးပွားစပါး ပေါင် ၁၀၀ (တင်း  ၁၀၀) လျှင် ယခင် ၆၅၀၀၀၀ ကျပ်ဈေးမှယခု ၆၄၀၀၀၀ ကျပ်၊ဆန်တစ်အိတ်လျှင် ယခင် ၂၄၀၀၀ ကျပ်၊ ၂၅၀၀၀ ကျပ်မှ ယခု ၂၃၀၀၀ ကျပ်၊ ၂၄၀၀၀ ကျပ်၊ နွေသီး ထပ်ရင် စပါး ပေါင် ၁၀၀ (တင်း ၁၀၀)ကို ၅၅၀၀၀၀ ကျပ်မှ ယခု ၅၄၀၀၀၀ကျပ်၊ ၅၃၅၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ယခင် ၂၁၀၀၀ ကျပ်၊ ၂၁၅၀၀ ကျပ်မှ ယခု ၂၀၅၀၀ ကျပ်၊ ၂၁၀၀၀ ကျပ်ဖြစ် သွားကြောင်း၊ သြဂုတ်လအတွင်း ရေ ကြီးချိန် စပါး၊ ဆန်ဈေးမြင့်တက်နိုင်သည်ဟု ကုန်သည် အချို့က  ခန့်မှန်း သော်လည်း ရေပြန်ကျချိန်တွင် ဈေး မြင့်တက်မှုမရှိဘဲ လက်ရှိတွင် စပါးဈေး နှုန်းမှာ တင်း ၁၀၀ ကို တစ်သောင်းခွဲနှစ် သောင်းဝန်းကျင်နှင့် ဆန်တစ်အိတ် လျှင်ကျပ် ၅၀၀ မှ ၁၀၀၀ ခန့် ဈေးကျ ဆင်းလျက် ရှိကြောင်း ဆန်စပါးအသိုင်း အဝိုင်းမှ သိရပါတယ်။ဈေးကွက်သဘောအရ အရောင်း အဝယ်အေးလျှင် ဈေးနှုန်းကျဆင်းမှု ရှိပြီး၊ အတက်ဈေးကို စောင့်နေတဲ့ တောင်သူ၊ ကုန်သည်အချို့မှာ မိမိတို့ စပါးများကို ရောင်းချရန် ကုန်သည်၊ စက်ပိုင်များကိုလိုက်လံချိတ်ဆက်လျက် ရှိသော်လည်း အရောင်းအဝယ်အေး သည့်အတွက် ဝယ်လက်များက ဝယ်ယူ ရန် စိတ်ဝင်စားမှုမရှိကြောင်း လက်ရှိ ပုသိမ်ဈေးကွက်တွင်ရန်ကုန်၊ ဟင်္သာတ၊ ပြည်နှင့်  အထက်အညာဒေသများမှ လည်း   ဝယ်လိုအား  လျော့နည်းပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရပါတယ်။

 

မင်းမင်းဦး(ပုသိမ်)