Main menu

Background

ဆန်ကြမ်းဈေးဆက်ကျပြီး အရောင်းအဝယ်အေးလျက်ရှိ

Mon, 09/19/2016 - 13:44 -- journal_editor

ရန်ကုန်မြို့ ဝါးတန်းဆန်ဈေးကွက်ရဲ့ သြဂုတ် ၁၅ ရက် လက်ကားဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းထိပ်စ တစ်အိတ်ကို ကျပ် ၃၅၅၀၀၊ လတ်စတစ်အိတ်ကို  ကျပ် ၃၃၀၀၀၊ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စ  တစ်အိတ် ကျပ် ၃၆၅၀၀၊ လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ်အိတ် ကျပ် ၃၃၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၄၃၀၀၀ မှ ကျပ် ၄၅၅၀၀နဲ့ ယခင်တစ်ပတ်ဈေးအတိုင်း အပြောင်းအလဲသိပ် မရှိဘဲ ဆန်ချောအညံ့သာ တစ်အိတ်ကို ကျပ် ၅၀၀ ခန့်ဈေး ကျသွားကြောင်း သိရှိရပါတယ်။ဆန်ကြမ်းဈေးလည်း  တစ်အိတ်ကို ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ကြားဈေးကျကြောင်း သိရပါတယ်။ ဧည့်မထဆန် ထိပ်စ တစ်အိတ် ကျပ် ၂၀၅၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၁၉၅၀၀ ဖြစ်ပြီးယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကိုကျပ် ၃၀၀ မှ ကျပ် ၇၀၀ အထိဈေးကျကြောင်း သိရှိရပါတယ်။ နွေသီးထပ်ရှယ်တစ်အိတ် ကျပ် ၁၈၅၀၀ မှ ကျပ် ၁၉၅၀၀နဲ့ တစ်အိတ်ကို ကျပ် ၁၀၀၀ ခန့်အထိဈေးကျပြီး၊ ရက် ၉၀ နွေ ဆန် တစ်အိတ် ကျပ် ၂၀၀၀၀ မှ ကျပ် ၂၂၀၀၀၊ မနောသုခ တစ်အိတ် ကျပ် ၂၆၀၀၀မှ ကျပ် ၂၇၀၀၀၊ အိတ်စ်ပို့ ၂၅ မှတ်ဆန်တစ်အိတ် ကျပ် ၁၇၀၀၀ မှ ကျပ် ၁၇၂၀၀ ဈေးနဲ့ယခင် တစ်ပတ် အတိုင်း ဈေးငြိမ်နေကြောင်း သိရှိရပါတယ်။ယခုတစ်ပတ်မှာ ဝါးတန်းကုန်စည်ဒိုင်သို့ ဆန်အဝင် ပုံမှန်ရှိသော်လည်း အရောင်းအဝယ်ပါးကြောင်း၊ ဆန်ဈေး ကွက်မှာလည်း ပြည်တွင်းဈေးကွက်သာ  ရှိနေတဲ့ အတွက် လောလော ဆယ်ကာလတွင်ဆန်ဈေးဆက်မတက်နိုင်သေး ကြောင်း ဝါးတန်းဆန်ဈေးကွက်မှသိရှိရပါတယ်။မူဆယ်ကုန်စည်ဒိုင်ရဲ့ သြဂုတ် ၁၆ ရက်ဆန်ဈေးနှုန်းမှာ ဧည့်မထ ၅မှတ် မှော်ဘီ တစ်အိတ် ၁၃၈ ယွမ်မှ ယွမ် ၁၄၀၊ ဧည့်မထ ၅ မှတ် စူပါတစ်အိတ် ယွမ် ၁၄၀ မှ ၁၄၃ ယွမ်၊ ဧည့်မထ ၁၀ မှတ်မှော်ဘီတစ်အိတ် ၁၃၃ ယွမ်မှ ၁၃၅ ယွမ်၊ ဧည့်မထ ၁၀ မှတ် စူပါတစ်အိတ် ၁၃၈ ယွမ်မှ ၁၃၉ ယွမ်၊ မနောသုခ ၂၅ မှတ်တစ်အိတ် ၁၂၅ ယွမ်မှ ၁၂၈ ယွမ်၊ ငစိန် ၅ မှတ်တစ်အိတ် ၁၃၉ယွမ်မှ ယွမ် ၁၄၀၊ ငစိန်၁၅ မှတ်တစ်အိတ် ၁၃၄ ယွမ် မှ ၁၃၇ ယွမ်၊ ငစိန် ၂၅ မှတ်တစ်အိတ် ယွမ် ၁၃၀ မှ ၁၃၂ ယွမ်ဖြစ်ပြီး ယခင်တစ်ပတ် အတိုင်း ဈေးနှုန်းမပြောင်းလဲကြောင်း သိရှိရပါတယ် ။မြို့တွင်း နယ်စုံ မှ မူဆယ်သို့ ဆန်အဝင်မှာ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်အတွင်း ဆန်တန်ချိန် ၄၃၅၆ တန်ဝင်ရောက်မှုရှိပြီး၊ ယခင်တစ်ပတ်ထက် ဆန် အဝင် ၂၄၅၂ တန်လျော့နည်းကြောင်း သိရှိရ ပါတယ်။ အဝင်လျော့ ကျရခြင်းမှာ အရောင်းအဝယ်ပါးခြင်းကြောင့် ဖြစ်ပြီး ယခုတစ်ပတ်အတွင်း စက်တင်ဘာ ၁၆ ရက်ဟာ တရုတ်လူမျိုးတို့ရဲ့''လမုန့်စားပွဲတော်''ကျင်းပတဲ့နေ့ဖြစ်ပါ တယ်။တရုတ်ကုန်သည် များ နေရပ်ပြန်ကြပြီး မိသားစုစုံညီပွဲတွေ ကျင်းပကြတာကြောင့် ဆန်အဝယ်ပါးတဲ့အတွက် အဝင် လည်းနည်းရခြင်းဖြစ်တယ်လို့ မူဆယ်ဆန်ဈေးကွက်မှ သိရှိရ ပါတယ်။ စက်တင်ဘာ ၁၆ရက်ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၈၂ ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။

ယဉ်ယဉ်အေး