Main menu

Background

ယခုတစ်ပတ် ဆန်တင်ပို့မှု လျော့ကျ

Wed, 09/21/2016 - 13:35 -- journal_editor

      စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကာလအတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၇ သန်းတန်ဖိုးရှိ ဆန် ၁၀၂၀၇ တန်ကျော် တင်ပို့ခဲ့ရာ မူ ဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၁၇၃ တန် ေ ကျာ်နဲ့ ဧည့်မထဆန် တန် ၁၁၀ဝ၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၀၂ တန်ကျော်၊ လွယ်ဂျယ် ကုန် သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၆၃၂ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၁၉၁၄ တန် လျော့ နည်းခဲ့ပါ တယ်။
      ဆန်ကွဲတင်ပို့မှုမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၁၄၅၀ တန်နဲ့ လွယ်ဂျယ်မှ ၃၁၄ တန်ခန့်တင်ပို့ခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၃ သ န်း တန်ဖိုးရှိ ဆန်ကွဲ ၁၇၆၄တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်တင်ပို့မှုထက် ၁၆ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုညဒသမ ၇၀၅ သန်းတန်ဖိုးရှိ ဆန် ၁၈၈ တန်ခန့်ကို တင်ပို့ခဲ့ရာ တ ရုတ်နိုင်ငံသို့ ဧည့်မထဆန် ၁၂၅ တန်နဲ့ ပိုလန် နိုင်ငံ သို့ ဧည့်မထဆန် ၆၃တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက တန် ၁၈၄၀ လျော့နည်းခဲ့ပါ တယ်။ အလားတူဆန်ကွဲတင်ပို့နိုင်မှုမှာလည်း အမေရိကန် ဒေါ် လာ သု ည ဒသမ ၁၇၂ သန်းတန်ဖိုးရှိ ဆန်ကွဲ ၆၂ တန် ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ် တင်ပို့မှု အောက် ၁၆၃၃ တန်လျော့နည်းခဲ့ပါတယ်။
     ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီ ၁ရက်မှ စက်တင်ဘာ ၉ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၉၂၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၃၅၄၆၃၉ တန်ကျော် နဲ့ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆၉၁ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၂၁၁၇၂ တန်ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၆၁၈သန်း တန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲစုစုပေါင်း တ န်ချိန် ၄၇၅၈၁၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယမန် နှစ်ကာလတူ တင်ပို့နိုင်မှုနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၇၂ ဒသ မ ၄၄၂ သန်းနဲ့ တန်ချိန် ၂၀၄၇၈၄ ခန့်လျော့နည်း ေ နကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး