Main menu

Background

မုံရွာကုန်စည်ဒိုင်၏ စက်တင်ဘာလဝက် ပဲဈေးကွက်တွင် ကုလားပဲမျိုးစုံ ဈေးအနည်းငယ်ပြန်တက်

Wed, 09/21/2016 - 13:46 -- journal_editor

        မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ လဝက်ပဲဈေးကွက်မှာ ပြည်ပဝယ်လက် ပဲတွေ အရောင်းအဝယ်ငြိမ်ဈေးအေးခဲ့သလောက် ဒေသသုံးအဝယ်တောက် လျှောက်သွက်ခဲ့လို့ ကုလားပဲမျိုးစုံ ဈေးအနည်းငယ် ပြန်တက်လာခဲ့တာ တွေ့ ရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံး ကြီးမှာ တစ်တင်း ၄၀၅၀ဝ ကျပ်၊ ထိုင် ဝမ်မှာတစ်တင်း ၃၉၅၀ဝ ကျပ်နဲ့ ၉၂၉ မှာ တစ်တင်း ၃၉၀ဝ၀ ကျပ်အထိ ဈေး မြင့်တက်ခဲ့ပြီး၊ ဒေသတွင်း ပဲခွဲစက်လုပ် ငန်းနဲ့ ကြာဆန်လုပ်ငန်းသမားတို့ မရှိ မဖြစ် ကုန်ကြမ်းအဖြစ် ဝယ်လိုအားပုံမှန် ရှိနေကာ တစ်ရက်ကို အိတ် ၇၀ဝ ခန့် အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
         ငုံနီဈေးကွက်မှာတော့ စက်တင် ဘာလဆန်းပိုင်းကလို ဈေးအတက် အကျမကြမ်းတော့ပေမယ့် ယခုတစ်ပတ်မှာ တစ်ရက်တစ်ဈေး ပေါက်ဈေး မငြိမ်ခဲ့ဘဲ တစ်တင်း ၃၄၅၀ဝ ကျပ်၊၃၅၀ဝ၀ ကျပ်နဲ့ ၃၆၀ဝ၀ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ တာ တွေ့ရပါတယ်။ မတ်ပဲဈေးကွက်မှာတော့ ပဲလက်ကျန်နည်းပြီး အသစ်အဝင်ပါးခဲ့သလို ဝယ်လက်ကလည်း အားပျော့ေ နတဲ့အတွက် ဈေးအေးလျက်ရှိရာ တစ်တင်း(အသစ်) ၃၈၀ဝ၀ ကျပ်နဲ့ (အဟောင်း) ၄၅၀ဝ၀ ကျပ်အသီးသီး ေ ပါက်ဈေးဖြစ်ခဲ့ ပြီး တစ်ရက်အိတ် ၂၀ဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
     ပဲတီစိမ်းကြီး ဈေးကွက်လည်း ယခုတစ်ပတ်ဒိုင်မှာ ပဲအဝင်နည်းပြီး ဝယ်လက်အဆွဲလည်းအေးလို့ တစ်တင်း ၂၃၀ဝ၀ ကျပ်၊၂၁၅၀ဝ ကျပ်ဈေးနဲ့ ဆက်လက်ငြိမ်နေခဲ့ကာ တစ် ရက်အိတ်၂၀ဝ မှ ၄၀ဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ် လို့  သိရပါတယ်။ အခြား ဒေသသုံးပဲတွေပါ   ယခုတစ်ပတ်မှာ တစ်တင်း ၂၀ဝ ကျပ်မှ ၅၀ဝ ကျပ်အထိ ဈေးကျသွားခဲ့ ကာ ထောပတ်ပဲ တစ်တင်း ၁၁၀ဝ၀ ကျပ်၊ စွန်တာနီတစ် တင်း ၁၃၅၀ဝ ကျပ်၊ ပဲနီကြားတစ်တင်း ၁၆၀ဝ၀ ကျပ်၊ ပဲကြီး တစ် တင်း ၂၆၀ဝ၀ ကျပ်၊ ၂၄၅၀ဝ ကျပ်၊ ပဲပုပ်တစ်တင်း ၁၇၂၀ဝ ကျပ်၊ ပုဂံပဲတစ်တင်း ၁၇၅၀ဝ ကျပ်နဲ့ မြေထောက်ပဲတစ်တင်း ၁၈၀ဝ၀ ကျပ်အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး လက်လီအရောင်းသာဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က လေ့ လာ သိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ