Main menu

Background

ကမ္ဘာ့ရွှေဈေး ကျဆင်းလာသော်လည်း ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေး အနည်းငယ်သာကျဆင်း

Wed, 09/21/2016 - 14:11 -- journal_editor

         ယခုတစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေး ကျဆင်းလာသော်လည်း ပြည်တွင်းငွေလဲ နှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေးများ အနည်းငယ်သာ ကျဆင်းခဲ့ေ ကြာင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ က မ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားကျဆင်းသွားသည့်အတွက် ဈေးများကျဆင်း လာခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင်မူ အကျနှေးနေခဲ့ကြောင်း၊ ကမ္ဘာ့ရွှေ ဈေးကျဆင်းလာမှုကြောင့် အမေရိကန်ဒေါ်လာဈေး ထပ်မံမြင့်တက်လာနိုင်ေြ ကာင်း၊ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများမှာ အနည်းငယ်သာ ကျရိပ်ရှိနိုင်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။
     "ပြည်တွင်းရွှေဈေးကွက်မှာ ဈေးက သိပ်ကျဖို့တော့မရှိပါဘူး။ အမေရိကန် ဒေါ်လာဈေးက ဆက်တိုက်မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းတွေ လည်း သိပ်ပြီးကျ ဆင်းသွားလိမ့်မယ်လို့ မထင်ပါဘူး။ ဒီတစ်ပတ်မှာလည်း ေ ဈးက နည်းနည်းပဲကျလာတာ။ ဈေးကျလာမယ်ဆိုလို့ ပြန်ရောင်းကြတဲ့သူတွေ များလာ ပေမယ့် ဈေးပြန်တက်မယ်လို့ ထင်တဲ့သူတွေက ကိုင်ထားကြတုန်းပဲ"ဟု ရွှေကုန် သည်တစ်ဦးက သုံးသပ်ခဲ့သည်။
      ပြည်တွင်းရွှေဈေးများသည် စက်တင်ဘာ ၁၂ ရက်က ကျပ် ၈၆၆၀ဝဝရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ကျပ် ၈၆၅၀ဝ၀ သို့ အနည်းငယ်ကျဆင်းခဲ့သည်။ သို့သော် ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့် စက်တင်ဘာ ၁၆ ရ က်တွင် ကျပ် ၈၆၈၀ဝ၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာ စက်တင်ဘာ ၁၂ ရက်က ၁၃၂၆ ဒေါ်လာ ရှိခဲ့ရာမှ စက်တင်ဘာ ၁၆ ရက်တွင် ၁၃၁၅ ဒေါ်လာ သို့ ကျဆင်းခဲ့သည်။

 

မယ်သီတာ