Main menu

Background

ဒီတစ်ပတ်ဘိလပ်မြေ တန်ချိန်လေးသောင်းနီးပါးဝင်

Wed, 09/21/2016 - 14:16 -- journal_editor

    သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင် ဘာ ၄ ရက်မှ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၂၉၄၂၅၂၇ တန်ဖိုးရှိ  ဘိလပ်မြေ ၃၅၄၈၈ ဒသမ ၆၄၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့  တံဆိပ်များမှာ ထိုင်း နိုင်ငံမှ ထုတ်လုပ်တဲ့ ဆင်၊ စိန်၊ အင်စီး စတဲ့ တံဆိပ်များ ဖြစ်ပါတယ်။ ဒီတစ်ပတ် မှာ ထိုင်းနိုင်ငံထုတ်များသာ တင် သွင်းခဲ့တယ်လို့  သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ၁၄၂၀ဝကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင် သွင်းမှုနဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂၁၂၀ဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)