Main menu

Background

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ တန်းတူအခွင့်အရေးများပေးမည်ဟုဆို

Wed, 09/21/2016 - 14:59 -- journal_editor

       အသစ်ရေးဆွဲပြဋ္ဌာန်းမည့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ တန်းတူအခွင့်အရေးများ ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စက်တင် ဘာ  ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နေပြည်တော် MICC-2 ၌ကျင်းပခဲ့သည့် Myanmar Global Investment Forum ၌ ပြောကြားခဲ့သည်။
      "အခု ပြဋ္ဌာန်းတော့မယ့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မှာ သိသာတာကို ပြောရမယ်ဆိုရင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေအတွက် မျှတတဲ့ဥပဒေသစ် တစ်ခု ဖြစ်လာမှာပါ။ လုပ် ငန်းပေါ်မှာမူတည်ပြီး အခွင့်အရေးတွေတန်းတူ ရရှိလာမှာ ပါ" ဟု ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ဆိုသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အစိုးရသစ်၏ပေါ်လစီနှင့် ပတ်သက်၍ စောင့်ကြည့်နေကြခြင်းကြောင့် အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများ နည်းပါးေ နရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အစိုးရ၏ပေါ်လစီကို ရှင်းရှင်းလင်းလင်းသိမြင်လာပါက နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများအလုံးအရင်းဖြင့် ဝင်လာမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဖြည့် စွက်ပြောကြားခဲ့သည်။
       ယခင်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းသောဥပဒေတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ လုပ်ငန်းအတွက် တင်သွင်းလာသည့် လုပ်ငန်း သုံးပစ္စည်းများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် များပေးထား သည်။ သို့သော် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အဆိုပါအခွင့်အရေးများ မရရှိခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ယခင်အစိုးရလက်ထက်တွင် ပူးပေါင်းပြင်ဆင်ရန်စီစဉ်ခဲ့ သည်။ ယခုအခါတွင် ယင်းဥပဒေနှစ်ခုကို ပူးပေါင်းထား သည့် ဥပဒေကြမ်းကို အများ ပြည်သူလေ့လာနိုင်ရန် စက်တင်ဘာ ၁၂ ရက်ကစတင်ပြီး နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်းကြေညာခဲ့သည်။ ထို့ပြင်ထုတ်ပြန်ထားပြီးဖြစ်သည့် စီး ပွားရေးမူဝါဒ ၁၂ ချက်နှင့်ပတ်သက်၍ အသေးစိတ်လုပ်ငန်းစဉ်များကို ယခုလအတွင်း ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင် ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

မယ်သီတာ