Main menu

Background

ပြည်ထောပတ်ပဲ နေ့စဉ်အရောင်းအဝယ် ဖြစ်ပေမယ့် အနည်းငယ်သာရောင်းချခဲ့ရ

Mon, 09/26/2016 - 12:25 -- journal_editor

   ပြည်ပဲဈေးကွက်အတွင်း လက်လီ၊ လက်ကား အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများသာ လက်ကားအဝယ် ရှိပေမယ့် ထောပ တ်ပဲ၊ ပဲနီပြား၊ စားတော်ပဲ၊  ပဲပုပ်၊ ဘိုကိတ် စသည့်ပဲများကတော့ ယခုလိုကာလများတွင် လက်လီသာ အရောင်းအဝယ်ဖြစ်ခဲ့ကာ နေ့စဉ်ရောင်းဝယ် မှုရှိပေမယ့် အိတ်အနည်း ငယ်သာ ေ ရာင်းချခဲ့ရပါတယ်။
     ထောပတ်ပဲဈေးနှုန်းကတော့ လက်လီပဲဈေးကွက်အတွင်း ဈေးအနိမ့်ဆုံး ဖြစ်ခဲ့ကာ တစ်တင်း ကျပ် ၁၄၀ဝ၀ ဖြင့် ယခင်လမှစ၍ ဈေးငြိမ်အရောင်းအဝယ်ဖြစ် ခဲ့တာကို တွေ့ ရပါတယ်။ ထောပတ်ပဲသီးနှံက ယခင်နှစ် စက်တင်ဘာလက တစ် တင်း ၁၈၀ဝ၀ ကျပ်ရရှိခဲ့လို့ ယခုနှစ်ဈေးနှုန်းမှာ ယခင်နှစ်ထက်ဈေးလျော့နည်းနေသလို ပဲဈေးကွက်မှာ လ ည်း ဈေးအနိမ့်ဆုံးဖြစ်နေကြောင်း သိရပါတယ်။

 

ခင်ဆွေဝင်း