Main menu

Background

မုံရွာကုန်စည်ဒိုင် စက်တင်ဘာတတိယပတ် ပဲဈေးကွက် ဝယ်လက်အဆွဲရှိတဲ့ ပဲများဈေးဆက်လက်မာ

Mon, 09/26/2016 - 12:51 -- journal_editor

        မုံရွာကုန်စည်ဒိုင် စက်တင်ဘာလတတိယပတ် ပဲမျိုးစုံဈေးကွက်မှာ ဝယ်လက်ဆွဲအားရှိတဲ့ ကုလားပဲနဲ့ ပဲတီစိမ်းကြီးတို့ အမြင့်ဈေးမှာ ဆက်လက်မာနေပြီး၊ဒေသတွင်း ဝယ် လိုအား မငြိမ်တဲ့ငုံနီနဲ့မတ်ပဲတို့က ကျဈေးမှာ ဆက်လက် တန့်နေ တာတွေ့ရပါတယ်။ ကုလားပဲမျိုးစုံဈေးကွက်အနေနဲ့ ကုန်သည်တွေထံမှာ မနှစ်ကထွက်တဲ့ ပဲလက်ကျန် သိသိ သာသာ လျော့နည်းလာရာ မုံရွာကုန်စည်ဒိုင်မှာ ထိုင်ဝမ်ကုလားပဲဟာ လက်ကျန်မရှိတော့လို့ နေ့စဉ်ဈေးမဖွင့်နိုင်ဘဲ၊ လက်ကျန် အနည်းငယ်ရှိသူက တစ်တင်းကျပ် ၄၀ဝဝဝ နဲ့ ရံဖန်ရံခါ ဈေးတင်ခဲ့တာ  တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ V 2 တစ်တင်း ၄၀၈၀ဝ ကျပ်၊ ၉၂၉ တစ်တင်း ၃၉၅၀ဝ ကျပ်အသီးသီးအမြင့်ဆုံးဈေးပေါက်ခဲ့ပြီး ဒေသခံကြာဆန်စက်၊ ပဲခွဲစက်၊ အမှုန့်ကြိတ် စက်လိုင်းတွေပုံမှန်ဆွဲလို့ နှစ်မျိုးပေါင်းတစ်ရက် အိတ် ၄၀ဝ မှ ၆၀ဝ အကြား အရောင်းအဝယ်ဖြစ်တယ်လို့ ဒိုင်ရပ်ကွက် က ဆိုပါတယ်။
      ပဲတီစိမ်းကြီးဈေးကွက်ကတော့ ယခုတစ်ပတ်မှာ မန္တလေးဝယ်လက် အဆွဲသွက်လို့ တစ်တင်း ၂၄၅၀ဝ ကျပ်အထိ ဈေးမြင့်လာသလို အရောင်းအဝယ်အနေနဲ့လည်း အိတ် ၄၀ဝ မှ ၅၀ဝ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ငုံနီဈေးကွက် အနေနဲ့ နယ်အဝယ်မရှိဘဲ ဒေသခံကုန်သည် အချင်းချင်းသာ အဝယ်အရောင်းရှိခဲ့လို့ တစ်တင်း ၃၆၀ဝ၀ ကျပ်နဲ့ ၃၄၀ ဝ၀ ကျပ်ကြားသာ ဈေးအတက်အကျရှိပြီး တစ်ရက်အိတ် ၂၀ဝ မှ ၃၀ဝ ခန့်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် မတ်ပဲဈေးကွက်အနေနဲ့ ကုန်သည်ေ တွထံ ပဲမရှိသလောက်နည်းနေပြီး ပေါက်ဈေး အနေနဲ့လည်း အထွက်တိုး တစ်တင်း ၃၈၀ဝ၀ ကျပ်၊ ပဲဟောင်းတစ်တင်း ၄၅၀ဝ၀ ကျပ်နဲ့ ဈေးအေးနေပြီး တစ်ရက် အိတ် ၄၀ မှ ၅၀ ခန့်သာ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
       ကျန်အခြားပဲဈေးကွက်မှာ ပဲအများစု  ဆက်လက်ဈေးအေးနေခဲ့ရာ စွန်တာနီတစ်တင်း ၁၃၅၀ဝ ကျပ်၊ ၁၄၀ဝ၀ ကျပ်၊ ပဲနီလုံးကြားတစ်တင်း ၁၆၀ဝ၀ ကျပ်၊ ပဲကြီးတစ်တင်း ၂၆၀ဝ၀ ကျပ်၊ ၂၄၅၀ဝကျပ်၊ ပဲပုပ်စေ့  တစ်တင်း ၁၇၂၀ဝ ကျပ်၊ ပုဂံပဲတစ်တင်း ၁၇၅၀ဝ ကျပ်နဲ့ မြေထောက်ပဲတစ်တင်း ၁၈၀ဝ၀ ကျပ်အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး  ဒေသ တွင်း လုပ်ငန်းသုံး ဝယ်လိုအားများလို့ စွန်တာနီတစ်မျိုးသာ တစ်ရက်အိတ် ၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ကျန်ပဲများမှာ လက်လီအရောင်းသာရှိခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင် ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်(မုံရွာ)