Main menu

Background

ပြည်ဘိုကိတ်ပဲသီးနှံဈေး နှစ်အလိုက် ကွာခြားမှုမရှိ

Mon, 09/26/2016 - 13:00 -- journal_editor

      ပြည်ခရိုင်အတွင်း ဘိုကိတ်ပဲသီးနှံကို ဆောင်းပဲသီးနှံအဖြစ် စိုက်ပျိုးပြီး စိုက်ဧက ငါးထောင်ကျော်သာ စိုက်ပျိုးခဲ့သည့်အတွက် ပဲထွက်ပေါ်ချိန်တွင် ပဲဈေးကွက်အတွင်း အေ ရာင်းအဝယ်အဖြစ်များကာ ယခုလို ကာလများမှာတော့ လက်ကျန် ပဲအနည်းငယ်သာရှိတဲ့အတွက် အရောင်း အဝယ်ပါးကာ လက်လီဝယ်ယူသူ အနည်းငယ်ကိုသာ ရောင်းချခဲ့ရ ပါတယ်။
      ပဲဈေးမှာ တစ်တင်း ၂၅၀ဝ၀ ကျပ်ဖြင့် ယခင်တစ်ပတ် ဈေးအတိုင်း ဈေးဆက်ငြိမ်လျက်ရှိကာ လဆန်းရက်က ဈေးနှုန်းထက် ဈေးပိုနေခဲ့တာကို တွေ့ရပါတယ်။ ဘိုကိတ်ပဲ သီးနှံဈေး အနေဖြင့် ယခင်နှစ် ရော ယခုနှစ်မှာပါ ဈေး အတက် အကျ သိပ်မဖြစ်ခဲ့ဘဲ  ယခင်နှစ်စက်တင်ဘာလအတွင်းမှာ လည်း တစ်တင်း ကျပ် ၂၄၀ဝ၀ မှ  ကျပ် ၂၆၅၀ဝ အတွင်း အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

 

ခင်ဆွေဝင်း