Main menu

Background

တရုတ်နဲ့ ထိုင်းနိုင်ငံသို့ သီဟိုဠ်စေ့ တန် ၄၀ ကျော် ပိုမိုတင်ပို့

Mon, 09/26/2016 - 13:09 -- journal_editor

        စက်တင်ဘာ ဒုတိယပတ်အတွင်း တရုတ်နဲ့ ထိုင်းနိုင်ငံသို့  အမေရိကန် ဒေါ်လာ သုည ဒသမ ၃၄၁ သန်း တန်ဖိုး ရှိ သီဟိုဠ်စေ့ တန် ၅၀ ကျော်ကို မူဆယ် ကုန်သွယ်ရေးဇုန် နဲ့ မြဝတီကုန်သွယ်ရေး ဇုန်များမှတစ်ဆင့်  တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က  ၁၀ တန်ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ တန် ၄၀ ကျော် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေ ရိကန်ဒေါ်လာ  သုည ဒသမ ၂၉၂ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၄၈ တန်နဲ့ မြဝတီ ကုန်သွ ယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၄၉ သန်းတန်ဖိုး ရှိ သီဟိုဠ်စေ့ ခြောက်တန်ကျော် အသီး သီးတင်ပို့ခဲ့ တယ်လို့ ကုန်သွယ်ရေးဇုန်များမှ သတင်းရရှိပါတယ်။

 

ခင်မိုးသူ