Main menu

Background

စက်တင်ဘာနောက်ဆုံးပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲဈေးနှင့် ပဲတီစိမ်းဈေးမြင့်တက်လာခဲ့ပြီး ကျန်ပဲများဈေးငြိမ်လျက်ရှိ

Tue, 10/04/2016 - 12:39 -- journal_editor

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် အဓိက အရောင်းအဝယ်ဖြစ်ခဲ့သော ပဲများထဲမှ မတ်ပဲနှင့်ပဲတီစိမ်း သီးနှံမှာ ဈေးတက်လာခဲ့ပြီး ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံနှင့် လက်လီအရောင်းအဝယ်ဖြစ်ခဲ့တဲ့  စားတော်ပဲ၊ ပဲပုပ်သီးနှံများမှာ ဈေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ စက်တင်ဘာလဆန်းရက်မှာ ပဲဈေးနှုန်းများလျော့နည်းကျဆင်းခဲ့လို့ အရောင်းအဝယ်လည်းအေးခဲ့သလို ယခုလကုန်ပတ်မှာ တော့ ပဲဈေးနှုန်းပြန်လည်မြင့်တက် လာခဲ့တဲ့အတွက် တစ် တင်း ၄၅၅၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြတာကို တွေ့ရပါ တယ်။ ယခင်နှစ် စက်တင်ဘာလအတွင်းက မတ်ပဲသီးနှံဈေးမှာ တစ်တင်း ၃၆၅၀၀ ကျပ်မှစပြီး တရိပ်ရိပ် ဈေးမြင့်တက်လာခဲ့လို့ လကုန်ပတ်တွင် တစ်တင်း ကျပ်ခြောက်သောင်း အထိ ရရှိလာခဲ့ပေမယ့်   ယခုနှစ်မှာတော့ ဇူလိုင်လမှ သြဂုတ်လ ပထမပတ်အထိ တစ်တင်း ကျပ်ငါးသောင်းကျော် ခြောက် သောင်းနီးပါး ဈေးရရှိခဲ့ပြီး သြဂုတ်လလယ်မှစ၍   ပဲဈေးနှုန်း များ လျော့နည်းလာခဲ့ပါတယ်။
       စက်တင်ဘာ တတိယပတ်မှသာ ပဲဈေးပြန်လှုပ်လာလို့ ယခုအချိန်မှာတော့ လဆန်းရက်က ဈေးထက်ဈေးပိုလာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သို့သော်လည်း ယခင်နှစ် စက်တင်ဘာလကုန် ဈေးကိုတော့ မမီဘဲရှိနေခဲ့ပါတယ်။ ပဲေ ဈးနှုန်းမှာ မျိုး စိုက်ပျိုးချိန်ရာသီတွင် ယခင်နှစ်က တစ်တင်းကျပ်ခုနစ်သောင်း ကျော်အထိ ရရှိခဲ့တဲ့အတွက် ယခုနှစ်မှာတော့မျိုးစိုက်ပျိုး ရာသီဖြစ်သော အောက်တိုဘာလအတွင်း ပဲဈေးနှုန်းမှာ ယခင်နှစ်ကဲ့သို့ ဈေးကောင်းရ လာမ လား မျှော်လင့်ရင်း တချို့ တောင်သူနှင့် လှောင်လက်အချို့ ပဲများထုတ်ရောင်းချမှု မရှိသေးဘဲ ဆက်လက်သိုလှောင်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ပဲဈေးကွက်သို့ နေ့စဉ် ပဲအဝင်မရှိဘဲ ရက်ခြားဆိုသလို အိတ် ၅၀ ေ ကျာ် ၁၀၀ ကျော် လောက်သာ ဝင်ရောက်မှုရှိပြီး ရန်ကုန်ဝယ်လက်ဝယ်ယူသည့်ရက်တွင် အိတ်၂၀၀ ကျော် ၃၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံကလည်း ယခုလတွင် ပဲအဝင်ပါးသွားလို့ ပန်း တောင်းမြို့နယ်ဘက်မှ သာ လက်ကျန်ပဲများအဝင်ရှိခဲ့ပါတယ်။ သို့သော်လည်း မန္တလေးဝယ်လက်နေ့စဉ်ဝယ်ယူခဲ့တဲ့အတွက် အိတ် ၁၅၀ မှ ၂၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲဈေး နှုန်းမှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်ပိုလာလို့ တစ် တင်း ၂၂၀၀၀ ကျပ်မှ ၂၃၅၀၀ ကျပ်အထိ   ရရှိခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံရဲ့   ယခုနှစ်ဈေးနှုန်းမှာ  ပဲသစ်ပေါ်ချိန်မှစ၍ ဈေးအေးခဲ့တဲ့အတွက် ယခုချိန်အထိလည်း ယခင်နှစ်ဈေးကို မမီခဲ့ဘူးလို့သိရပါတယ်။ ယခင်နှစ်က ပဲတီစိမ်းသီးနှံရဲ့ ေ ဈး နှုန်းမှာ တစ်တင်း ကျပ်သုံးသောင်းကျော်မှ လေးသောင်းအထိ ရရှိခဲ့တာကို တွေ့ရပါတယ်။
          ပဲစင်းငုံသီးနှံမှာ  လက်ကျန်ပဲအချို့သာ ရန်ကုန်ဝယ် လက်နဲ့ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ် ၂၀၀ ကျော် ၃၀၀ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ပဲဈေးမှာ တစ်တင်း ကျပ် ၃၈၀၀၀ ဖြင့် ဈေးငြိမ်နေခဲ့တာကိုတွေ့ရသလို ကုလားပဲ သီးနှံ မှာလည်း ယခင်တစ်ပတ်ဈေးအတိုင်း တစ်တင်း ၄၃၀၀၀ ကျပ်နဲ့ ဈေးဆက်ငြိမ်ခဲ့ကာ ပဲအဝင်အနည်းငယ်ရှိခဲ့တာကြောင့် အိတ် ၁၅၀ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒေသတွင်း ပဲခွဲစက်သမား  နေ့စဉ်ပုံ မှန် အဝယ်ရှိကြသလို  တစ်ခါ တစ်လေ အဝယ်လိုက်သည့်  ရက်မှာ အိတ် ၂၅၀ ကျော် ၃၀၀ အထိ ရောင်းချမှုရှိခဲ့ကြပါတယ်။ ပဲကြီးသီးနှံမှာ ပန်းတောင်း၊ ကံမ၊ မင်းတုန်း၊ ရွှေတောင်၊ ကျီးသဲမြို့နယ်များမှ  အနည်းငယ်စီဝင်ေ ရာက်ခဲ့လို့ ပဲကြော်ဖို သမားတွေ ပုံမှန်ဝယ်ယူကြတဲ့အတွက် ရွှေကျွန်းရော ကမ်းနား ပါ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး အိတ် ၁၅၀ ကျော် ၂၀၀ ခန့်စီ နေ့စဉ်ရောင်းချမှုရှိခဲ့ကြပါတယ်။  ပဲဈေးနှုန်းမှာ ရွှေကျွန်းတစ် တင်း ၂၇၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၄၅၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေခဲ့တာကိုလည်း တွေ့ရ ပါတယ်။

 

ခင်ဆွေဝင်း