Main menu

Background

ယခင်လကာလတူနဲ့နှိုင်းယှဉ်ပါက သီးနှံအများစု ဈေးအနည်းငယ် အေးသော်လည်း အရောင်းအဝယ်ပုံမှန်ရှိနေတဲ့ မန်းကုန်စည်ဒိုင်

Wed, 10/05/2016 - 12:38 -- journal_editor

        မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း) ကို နေ့စဉ်(ဥပုသ်နေ့မှအပ) သီးနှံ အမျိုးအရေအတွက် ၅၀ မှ ၉၀ ကြား ပွဲစားကုန်သည်ဦးရေ ၁၀၀၀ ခန့် လာရောက်အရောင်း အဝယ်ပြုလုပ် လျက်ရှိရာ ယခု ၂၀၁၆ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်ဈေးနှုန်းနှင့် ယခင်လသြဂုတ်နောက်ဆုံးပတ်ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်ပါက- မန္တလေးကုန်စည်ဒိုင်မှ ပြည်ပ(တရုတ်)သို့ တင်ပို့သည့်သီးနှံအများစုမှာ ယခင်လကာလ တူဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါ က ဈေးအေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးမှာ ယခင်လကာလတူမှာ အရောင်းအဝယ်ဖြစ် တဲ့ ဈေးနှုန်းတူနဲ့ ယခုတစ်ပတ်မှာ အရောင်းအဝယ်ဖြစ်လို့ ပဲတီစိမ်းတစ်ပိဿာ ၁၃၈၇ ကျပ်(တစ်တန် ၈၄၉၃၈၅ ကျပ်) နဲ့ ယခုတစ်ပတ်အတွင်း နေ့စဉ်သုံးတင်းအိတ် ၁၀၀၀ ခန့်၊ ပဲကြီးတစ်ပိဿာ ၁၄၄၈ကျပ်(တစ်တန် ၈၈၆၇၄၀ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၁၅၀ ခန့်၊ ပဲနီပြားတစ်ပိဿာ ၁၁၇၆  ကျပ်(တစ်တန် ၇၂၀၁၇၀ ကျ ပ်) နဲ့ နေ့စဉ်သုံးတင်းအိတ် ၂၅၀ ခန့်၊ ပဲပုပ်(ရှမ်း) တစ်ပိဿာ ၉၅၈ ကျပ်(တစ်တန် ၅၈၆၆၇၀ ကျပ်)၊ ပဲပုပ်(ဗမာ) တစ်ပိဿာ ၉၃၉ ကျပ်(တစ်တန် ၅၇၅၀၃၄ ကျပ်)နဲ့ နေ့စဉ်ပဲပုပ်နှစ်မျိုးပေါင်း သုံးတင်းအိတ် ၃၀၀ ကျော်၊ ပဲယင်း(သေး) တစ် ပိဿာ ၆၅၀ ကျပ်(တစ်တန် ၃၉၈၀၅၄ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၁၅၀ခန့်၊ ထောပတ်ပဲတစ်ပိဿာ ၁၀၁၃ ကျပ်(တစ်တန် ၆၂၀၃၅၀ ကျပ်)ဖြင့် နေ့စဉ်သုံးတင်း အိတ်၃၀၀ ခန့်၊ပဲဇီးကွက်တစ်ပိဿာ ၈၄၀ ကျပ်(တစ်တန် ၅၁၅၀၂၀ကျပ်)ဖြင့် ေ န့စဉ်သုံးတင်းအိတ် ၂၀၀ ကျော်၊ မြေထောက်ပဲတစ်ပိဿာ ၁၄၈၀ ကျပ်(တစ်တန် ၉၀၆၉၅၀ ကျပ်) နဲ့နေ့စဉ်သုံးတင်းအိတ် ၁၀၀ ကျော် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။
         ရန်ကုန်ဝယ်လက်၊ ဒေသတွင်းဝယ်လက်နှင့်ပြည်ပ (အိန္ဒိယ)ဝယ်လက်ပုံမှန်ပြန်လည်ဝယ်ယူနေတဲ့ မတ်ပဲ ယခင်လကာလတူဈေးနှုန်းအထက် မတ်ပဲက တစ်ပိဿာ ၄၁၇ ကျပ်(တစ်တန် ၂၅၅၃၆၇ ကျပ်) ဈေးမာနဲ့ အရောင်းအ၀ ယ် ဖြစ်လို့ ယခုတစ်ပတ်မှာ မတ်ပဲတစ်ပိဿာ ၂၄၁၇ ကျပ် (တစ်တန် ၁၄၈၀၁၄၇ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၅၀၀ ကျော်၊ ကုလားပဲဖြူကြီး တစ်ပိဿာ ၂၁၃၀ ကျပ်(တစ်တန် ၁၃၀၅၀၀၃ ကျပ်)၊ ကုလားပဲ ထိုင်ဝမ် တစ်ပိဿာ ၂၀၂၇ ကျပ်(တ စ်တန် ၁၂၄၁၃၁၅ ကျပ်)နဲ့ ကုလားပဲနှစ်မျိုးပေါင်း နေ့စဉ်သုံးတင်း အိတ် ၄၅၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မန္တလေးကုန်စည်ဒိုင်မှာ အရောင်းအဝယ် ဖြစ်တဲ့ ပြောင်းဖူးစေ့များရဲ့ ဈေးနှုန်းများ မှာ ပြောင်းဖူးစေ့ (ရှမ်း) တစ်ပိဿာ ၃၉၈ ကျပ်(တစ်တန် ၂၄၁၇၁၀ ကျပ်)၊ ပြောင်းဖူးစေ့(ဗမာ)   တစ်ပိဿာ ၃၃၃ ကျပ်(တစ်တန် ၂၀၃၉၂၆ ကျပ်)၊ ပြောင်းဖူးစေ့ (ဃဏ) တစ်ပိဿာ ၃၅၂ ကျပ် (တစ်တန် ၂၁၅၅၆၁ ကျပ်)၊ အထွက်တိုးပြောင်း တစ်ပိဿာ ၃၅၈ ကျပ်(တစ်တန် ၂၁၉၂၁၆ ကျပ်)၊ ဆန်ပြောင်းတစ်ပိဿာ ၅၀၆ ကျပ်(တစ်တန် ၃၀၉၈၆၉ ကျပ်)ဖြင့် ပြောင်းဖူးစေ့ငါးမျိုး ပေါင်း နေ့စဉ်သုံးတင်းအိတ် ၁၈၀၀ ကျော် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။
         ပြည်ပ(တရုတ်)နဲ့ ပြည်တွင်းဆီစက်များမှ ပုံမှန်ဝယ်ယူနေတဲ့ နှမ်းရောင်စုံများရဲ့ ဈေးနှုန်းများမှာ နှမ်းဖြူတစ်ပိဿာ ကျပ် ၂၀၀၀ (တစ်တန် ၁၂၂၄၇၈၀ ကျပ်)၊ နှမ်းညိုတစ်ပိဿာ ၁၆၆၇ ကျပ်(တစ်တန် ၁၀၂၀၈၅၄ကျပ်)၊ နှမ်းနက် တစ် ပိဿာ ၂၅၇၈ ကျပ်(တစ်တန် ၁၅၇၈၇၄၀ ကျပ်)၊ နှမ်းနက်(စမုံ)  တစ် ပိဿာ ၃၃၃၃ ကျပ်(တစ်တန် ၂၀၄၁၀၉၆ ကျပ်)၊ ပန်းနှမ်း တစ်ပိဿာ ၁၈၈၉ ကျပ် (တစ်တန် ၁၁၅၆၈၀၅ ကျပ်) နဲ့ နှမ်းငါးမျိုးနေ့စဉ်သုံးတင်းအိတ် ၈၀၀ ခန့်အရောင်းအ၀ ယ်ဖြစ် ကြောင်း၊ မြေပဲ ( ှ၁ လုံးဆန်) တစ်ပိဿာ ၁၇၀၀ ကျပ် (တစ်တန် ၁၀၄၁၀၆၃ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ပဲအများစု ဈေးအေး သွားကြောင်း၊ ရန်ကုန်နဲ့  အိန္ဒိယမှ ဝယ်ယူတဲ့ မတ်ပဲ နဲ့ကုလားပဲကတော့ ဈေးမာနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း ထို့အတူ နှမ်းများလည်းဈေးအနည်းငယ်အေးကြောင်း၊ ဈေးအေးပေ မယ့် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း ကုန်သည်ကြီး တစ်ဦးကပြောပါတယ်။

 

စိုးအောင်-မန္တလေး