Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာ၍ မြန်မာငွေဖောင်းပွလာမည်ကို စိုးရိမ်လျက်ရှိ

Wed, 10/05/2016 - 13:06 -- journal_editor

      ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများသည် ဆက်လက်မြင့်တက်လျက် ရှိရာ ယခုထက်ပိုမိုမြင့်တက်လာပါက  မြန်မာငွေဖောင်းပွလာမည်ကိုစိုးရိမ်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်လျက်ရှိသည်။ ြ ပည်တွင်းငွေလဲနှုန်းများသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက် ခဲ့ရာ ယခုတစ်ပတ်တွင် အနည်းငယ်ကျဆင်းခဲ့သော်လည်း ရက်သတ္တပတ်တစ်ပတ်၏ နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ပြန်လည်မြင့် တက် လာခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် ကျပ် ၁၂၇၀ သို့ ရောက်ရှိခဲ့သည်။
      "ဈေးကွက်ထဲမှာငွေလဲနှုန်းက မြင့်တက်နေတယ်။ အစိုးရကဝင်ပြီး ထိန်းဖို့ လိုတယ်။ မြန်မာငွေဖောင်းပွလာရင် အဓိကထိခိုက်မှာက ပြည်သူတွေပဲ။ အခုဆို ရင် စားသောက်ကုန်ဈေးနှုန်းတွေက မြင့်သည်ထက်မြင့်လာပြီ။ ကု န်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် ဒီငွေလဲ နှုန်းက အရေးပါနေတယ်။ ဗဟိုဘဏ်က ထုတ်ပြန် ပေးနေတဲ့ရည်ညွှန်းငွေလဲ နှုန်းဆိုတာကလည်း အပြင်ကဈေးကွက်  ပေါက်ဈေး အပေါ်မူတည်ပြီး သတ်မှတ်နေတာဆိုတော့ သူကလ ည်း ဒီငွေလဲနှုန်းကို ထိန်းမ ထားနိုင်ဘူးဆိုတဲ့သဘောမျိုးဖြစ်နေတယ်။ နောက်ပြီး ဈေးတက်လာပြီဆိုရင် ဘဏ် တွေမှာက ဝယ်လို့မရတော့ဘူး။ အပြင်မှာတော့ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေတာ။ ဈေးကစားနေတဲ့သူတွေကို လည်း တစ်နည်းနည်းနဲ့တော့ အရေးယူသင့်နေပြီ"ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
       ပြင်ပငွေလဲစင်တာများတွင် စက်တင်ဘာ ၂၆ရက်က ရောင်းဈေး ၁၂၆၅ကျပ်၊ ဝယ်ဈေး ၁၂၅၇ ကျပ်ရှိခဲ့ပြီး စက်တင်ဘာ ၂၈ ရက်တွင် ရောင်းဈေး ၁၂၅၈ ကျပ်၊ ဝယ်ဈေး ၁၂၅၆ ကျပ်သို့ကျဆင်းခဲ့သည်။ သို့သော် စက်တင်ဘာ ၃၀ ရက်တွင် ရောင်းဈေး ၁၂၇၀ ကျပ်၊ ဝယ်ဈေး ၁၂၆၇ကျပ်သို့ပြန်လည်မြင့်တက်ခဲ့သည်။

 

မယ်သီတာ