Main menu

Background

ပြည်တွင်းငွေလဲနှုန်း ပြန်လည်မြင့်တက်လာမှုကြောင့် မြန်မာ့ရွှေဈေး ကျပ် ရှစ်သိန်းကိုးသောင်းကျော်သို့ ရောက်ရှိ

Wed, 10/05/2016 - 13:12 -- journal_editor

        ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများလည်း ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။ ပြီးခဲ့ သည့်ရက်သတ္တပတ်က ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည် တွ င်းရွှေဈေးများမြင့် တက်ခဲ့ရသော်လည်း ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးကျဆင်းပြီး ပြည်တွင်းငွေလဲ နှုန်းများ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များထံမှ သိရသည်။
        "ရွှေဈေးကကျဆင်းသွားလိမ့်မယ်လို့ အားလုံးကထင်ထားကြတာ။ ထင်ထားကြလို့လည်း ကျပ် ၈၉၄၀၀၀ အထိ တက်လာတုန်းက ရောင်းလိုက်ကြတာ။ အဲဒီ လိုတက်လာပြီးနောက်နေ့ကျတော့ ပြန်ကျသွားတယ်။ ဈေးကွက် ထဲမှာ တော်တော် လေးကို လှုပ်ခတ်သွားတယ်။  ဈေးပြန်ကျတော့မယ်ဆိုပြီး ထုတ်ရောင်းတဲ့သူတွေ တော်တော်လေးကိုများလာတယ်။ ကမ္ဘာ့ရွှေဈေးကလည်းကျလာတော့ ပြည်တွင်း မှာလည်း ဈေးကျလာမယ်လို့ အားလုံးက ထင် ကြတာပေ့ါ။ ဒါပေမယ့် နောက်ရက်ကျတော့ ကမ္ဘာ့ရွှေဈေးက မတက်ပေမယ့် ပြည်တွင်းကငွေလဲနှုန်းက မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးက မြင့်တက်လာခဲ့တာပါ"ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။ ပြည်တွင်းေ ရွှေ ဈးများသည် စက်တင်ဘာ ၂၆ ရက်က ကျပ် ၈၈၆၀၀၀ ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၈၉၄၀၀၀သို့မြင့်တက်ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၂၈ ရက် တွင် ကျပ် ၈၈၄၀၀၀ သို့ကျဆင်းခဲ့သော်လည်း စက်တင်ဘာ ၃၀ ရက်တွင်  ကျပ် ၈၉၃၀၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။
          ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ  ၂၆ ရက်တွင် ၁၃၃၈ ဒေါ်လာရှိခဲ့သော်လည်း စက်တင်ဘာ ၃၀ ရက်တွင် ၁၃၂၃ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

 

မယ်သီတာ