Main menu

Background

ပြည်တွင်းငွေလဲနှုန်းကျဆင်းလာသဖြင့် ပြည်တွင်း ရွှေဈေး ကျပ်သုံးသောင်းကျော် ပြန်လည်ကျဆင်းလာ

Tue, 10/11/2016 - 13:24 -- journal_editor

        ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများလည်းပြန်လည်ကျဆင်းလာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အမြင့်ဆုံးဈေးအဖြစ် ကျပ် ၈၉၂၀၀၀ အထိ ေ ရာက်ရှိခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုတစ်ပတ်တွင် ကျပ်သုံးသောင်းကျော် ပြန်လည်ကျ ဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်း မှ သိရသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနှင့်အတူ ပြည်တွင်းငွေလဲနှုန်းများပါ ကျဆင်း လာ မှုကြောင့် ပြည်တွင်းရွှေဈေးများလိုက်ပါ ကျဆင်းလာခဲ့ခြင်းဖြစ်သည်ဟု ရွှေဈေး ကွက် ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
      "ဒီတစ်ပတ်မှာ  ပြည်တွင်းငွေလဲနှုန်းကလည်း ကျလာတယ်။ ကမ္ဘာ့ရွှေဈေး ကလည်း ကျဆင်းလာတယ်။ အဲဒါတွေကြောင့် ပြည်တွင်းရွှေဈေးကဆက်တိုက် ကျလာတယ်။ဒါကဖြစ်လာမယ့်အခြေအနေကို ကြိုပြီးသုံးသပ်ထား တာပါ။ ဒေါ်လာဈေး အဆမတန်မြင့်တက်နေတာကို ဗဟိုဘဏ်ကဝင်ထိန်းရင် ဈေးပြန်ကျလာနိုင် တာပဲ။ ဒေါ်လာဈေးကျရင် ရွှေဈေးလည်း လိုက်ပြီးကျလာမယ်။ ကမ္ဘာ့ရွှေဈေးက လည်း ကျနေတာဆိုတော့ အခုတစ်ပတ်မှာ ရွှေဈေး က  အများကြီးကျဆင်းသွားရတာ ပါ"ဟု ရွှေကုန်သည်ဦးစံမြင့်က ဆိုသည်။
       ပြည်တွင်းရွှေဈေးများသည် အောက်တိုဘာ ၃ရက်က ကျပ် ၈၉၅၀၀၀ ရှိခဲ့ ပြီး အောက်တိုဘာ ၅ ရက်တွင် ကျပ် ၈၅၀၀၀၀ သို့လည်းကောင်း၊ အောက်တို ဘာ ၆ရက်တွင် ကျပ် ၈၇၁၀၀၀ သို့လည်းကောင်း၊ အောက်တိုဘာ ၇ ရက်တွင် ကျပ် ၈၆၂၀၀၀ သို့လည်းကောင်း ဆက်တိုက်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၃ ရက်က ၁၃၁၉ ဒေါ်လာရှိခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ၁၂၅၅ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

 

မယ်သီတာ