Main menu

Background

ဘိလပ်မြေဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်

Tue, 10/11/2016 - 13:29 -- journal_editor

          စက်တင်ဘာလ၂၅ ရက်မှ အောက်တိုဘာ ၁ရက် သီတင်းပတ်မှာ ပြည်တွင်း ကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၉၀ရှိခဲ့တယ်လို့ သိရပါတယ်။ယခင် တစ်ပတ် ဘိလပ်မြေအဝင်မှာတန်ချိန် ၁၀၅၅၀ကျော် ရှိခဲ့တာေ ကြာင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၀၀၀၀ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နယ်စပ် လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၁၇၁၂၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၁၂၉၆၀ကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန်၄၁၆၀ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်း မှ အဝင်ပိုခဲ့ပါတယ်။
           ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ မကွေးဈေးကွက်မှာ ဘိလပ်မြေက  တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ လုပ်ကိုင်မှုများလာပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းသာရှိတယ်လို့ သိရပါတယ်။ ဒီတစ် ပတ်မှာ ဘိလပ် မြေများက ယခင်တစ်ပတ်ဈေးအတိုင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၆၀၀၀ ကျပ်၊ ကြံ့ ၅၀၀၀ကျပ်၊ အပါချီ ၅၀၀၀ကျပ်၊ မြင်းခေါင်း ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။
           တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိ တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဆင်ကဈေးငြိမ်နေပြီး စိန်က၁၀၀ကျပ်ဈေးကျကာ အပါချီက ၅၀၀ကျပ်၊ကမ္ဘောဇက၆၀၀ကျပ်၊နဂါးက ၅၀၀ ကျပ်ဈေးမြင့်ခဲ့တယ် လို့ သိရပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း) ၆၉၀၀ ကျပ်၊ အေသုံးလုံး ၅၂၀၀ ကျပ်၊ အပါချီ ၄၄၀၀ကျပ်၊ ကမ္ဘောဇ ၄၁၀၀ကျပ်၊နဂါး ၄၇၀၀ကျပ်၊ ဆင်(ထိုင်း) ၆၆၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ် လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်မှ စုံစမ်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိသလို ယခင် တစ် ပတ်က ဈေးအတိုင်းအရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။  ဈေးကွက်ထဲ အေ ရာင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်၅၄၀၀ကျပ်၊ စိန်၅၂၀၀ကျပ်၊ ကြံ့နှစ်ကောင် (နီ)၄၈၀၀ကျပ်၊ ကြံ့နှစ်ကောင် (စိမ်း)၄၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။

 

သီတာဝင်း (DOT)