Main menu

Background

မြန်မာ့ကျောက်မျက်ရတနာ ထွက်ကုန်များသည် ကမ္ဘာ့မည်သည့်ဈေးကွက်တွင်မဆို ယှဉ်ပြိုင်နိုင်သည်ဟုဆို

Fri, 10/14/2016 - 13:10 -- journal_editor

       မြန်မာ့ကျောက်မျက်ရတနာထွက်ကုန်များသည် ကမ္ဘာပေါ်ရှိမည်သည့် ကျောက်မျက်ရတနာဈေးကွက်တွင်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးရှိကြောင်း အမေရိကန်ကျောက်မျက်ကုန်သွယ်ရေးကဏ္ဍမှ ကိုယ်စား လှယ်များက မှတ်ချက်ပြုခဲ့ကြသည်ဟုဆိုသည်။ အမေရိကန်ကျောက်မျက်ကုန် သွယ်ရေးအသင်း (AGTA)  ဥက္ကဋ္ဌဖြစ်သူ Mr Jeffrey Bilgore က "ကျွန်တော်တို့ ဒီကိုလာတွေ့တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ကျောက်မျက်ရတ နာ ကဏ္ဍဟာ ကမ္ဘာ့ဘယ်နိုင်ငံနဲ့ မဆိုတန်ဖိုးချင်းယှဉ်နိုင်ဆိုတဲ့အကြောင်းနဲ့ကုန်စည်ကူးသန်းမှုကပဲ ဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူ ပြုမှာဖြစ်ပြီးတော့ ဒီမိုကရေစီကိုလည်း ပိုမိုရင့်သန်လာစေမှာဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြ သဖို့ပါပဲ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ မျှော်လင့်တာက လုပ်ငန်းစနစ်မူဘောင်သစ်တွေ ချမှတ်ဖို့၊ ကျွန်တော်တို့ဆီမှာ ဘယ်လိုလုပ်ငန်း လုပ်ဆောင်ကြသလဲဆိုတာ အသိပညာပေးရာကနေ နှစ်ဖက်အတူ တိုးတက်ဖွံ့ဖြိုး လာဖို့ဖြစ်ပါတယ်"ဟု ပြောကြား ခဲ့သည်။
       မြန်မာနိုင်ငံ  ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်ကျော်ဝင်းက ယခင်အစိုးရအနေဖြင့် ကျောက်အရိုင်းတုန်းများ တူးဖော်ရောင်းချခြင်းကိုသာ ဦးစားပေးခဲ့ပြီး မြန်မာ့ကျောက်မျက်ဈေး ကွက် နိုင်ငံတကာနှင့် ပြိုင်ဆိုင်လာနိုင်ရန်အတွက် တန်ဖိုးမြှင့်ကျောက်မျက်ရတနာလုပ်ငန်းကို အလေးထားပံ့ပိုးကူညီရမည်ဖြစ်ကြောင်း ဒေါက်တာအောင်ကျော်ဝင်းက ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် မြန်မာ့ကျောက် မျက်ရတ နာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် သွင်းကုန်-ပို့ကုန်ဆိုင်ရာလုပ်ငန်းစဉ်များ လက်တွေ့နှင့်လိုက်ဖက်ညီ တိကျစေရန်၊ တရားမဝင်ကုန်သွယ်မှုကို အားပေးသလိုဖြစ်နေသည့် သွင်းကုန်-ပို့ကုန်ဆိုင်ရာ အခွန်စည်းကြပ်မှုများကို ပြန်လည် သုံးသပ်ရန်၊ ကျောက်မျက်ရတနာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကြပ်မတ်ညှိနှိုင်းပေးမည့် လွတ်လပ်သော အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်းသတ်မှတ်ပေးရန်တို့ကို ဒေါက်တာအောင်ကျော်ဝင်းက ထပ်မံပြော ကြားခဲ့သည်။
      "မြန်မာ့တန်ဖိုးမြှင့် ကျောက်မျက်ရတနာထုတ်ကုန် စုစုပေါင်းက တစ်နှစ်လုံးမှ အမေရိကန်ဒေါ်လာသန်း ၂၀ ပဲရှိတယ်။ ထိုင်းဆိုရင် တစ်ဘီလီယံလောက်ကို ဝင်ငွေရှိတာ။ ကျွန်တော်တို့ ကျောက်မျက်အသင်းအနေနဲ့ ကျောက် မျက်တန်ဖိုးမြှင့် လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့  အစိုးရကို Master Plan တစ်ခု ရေးဆွဲတင်ပြထားပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ကို မူတည်ပြီးတော့ ကုန်သွယ်မှုမြှင့်တင်သွားဖို့ပါ" ဟု ဒေါက်တာ အောင်ကျော်ဝင်းက ပြောကြား ခဲ့သည်။ မြန်မာ့ကျောက်မျက်များအပေါ်   အရေးယူပိတ်ဆို့မှု (Sanction) အပါအဝင် အထွေထွေအရေးယူ ပိတ်ဆို့မှုများကို အမေရိကန်အစိုးရက ဖယ်ရှားပေးခဲ့သည့် ကြေညာချက်တစ်ရပ်ကို အောက်တိုဘာလ ၇ ရက်က ထုတ်ြ ပန်ခဲ့သည်။