Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

Tue, 10/18/2016 - 13:35 -- journal_editor

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့အခြေစိုက် အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ် ကြီး ံH.E. Mr. Vikram Misri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၁၁ ရက် တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံအားG to G စနစ်ဖြင့် ဝယ်ယူရေး၊ မြန်မာ့ ပို့ကုန် မြှင့်တင် ရေးအတွက်လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်း ကဏ္ဍများ အတွက် နည်းပညာအကူအညီများရရှိရေး၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေး၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသူများ လာရောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှပဲမျိုးစုံအပြင် ဆန်ကိုပါ တင်ပို့ရောင်းချနိုင်ရေး၊ အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ပစ္စည်းများအပေါ်  အခွန်ကောက်ခံမှုတွင်အခြားအာဆီယံနိုင်ငံများနှင့် တန်းတူ အခွင့်အရေးရရှိရေးတို့ အပါအဝင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့  စီးပွားရေးနှင့်ကူးသန်း ေ ရာင်းဝယ်ေ ရးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

MOC(IR)