Main menu

Background

ပြည်ဆန်၊စပါး ဈေးဆက်ကျပြီး ကောက်စောစပါးဈေးကွက်စဝင်

Tue, 10/18/2016 - 13:53 -- journal_editor

    ယခုအောက်တိုဘာ ဒုတိယပတ်အတွင်း ဆန်၊စပါးဈေးတွေ ဆက်တိုက်ကျဆင်းလာပါတယ်။ ကောက်စောစပါးလည်း ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။  ဈေးကွက်ဝင် ကောက်စောစပါး အရောင်းအဝယ်မှာ လည်း နယ်ဝယ်လက်အဆွဲရှိလို့ အရောင်းအဝယ်ဖြစ်ကြောင်းလည်းသိရပါတယ်။ ယခုတစ်ပတ် တောင်ပျံမွှေးစပါးဈေး တင်း (၁၀ဝ) ၄၆ပေါင် ကိုက်ဈေး ၇၈၅၀ဝ၀ ကျပ် ဈေးသာရှိပြီး ဆန်တစ်အိတ်ဈေး ၃၂၅၀ဝ ကျပ်ဖြစ်ပါတယ်။ ဧည့်မထ စပါးဟောင်းမှာ ၄၇၀ဝဝဝ ကျပ်နှင့် ဆန် (ဟောင်း) တစ်အိတ်ဈေး ၁၈၀ဝ၀ ကျပ်၊ ဧည့်မထ(မိုးစပါး) အသစ်ဈေး ၃၅၀ဝ၀ ကျပ်နှင့် ဆန်တစ်အိတ်ဈေး ၁၅၀ဝ၀ ကျပ်ဈေးပေါက်ကြောင်း သိရပါတယ်။ ကောက်စောဧည့်မထ (အသစ်) မိုးဆန်များ ကို ရန်ကုန်နှင့် မန္တလေးများသို့ တစ်ရက်ခြား၊ နှစ်ရက်ခြား ကား ၂ တွဲ (အိတ် ၇၀ဝ ဆံ့) တင်ပို့ကာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ 

 

နီနီဝင်း