Main menu

Background

အောက်တိုဘာပထမပတ်အတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၇ သန်းကျော်ရှိ

Tue, 10/18/2016 - 14:18 -- journal_editor

     ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ ၇ ရက်အတွင်း ပို့ကုန်တင်ပို့နိုင်မှု အခြေအနေမှာ အမေရိကန်ဒေါ်လာ ၃၆၁ ဒသမ ၆၆၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၉၄ ဒသမ ၅၂၅ သန်းရရှိတဲ့ အတွက် ကုန် သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၅၆ ဒသမ ၁၉၂ သန်းဖြစ်ပါတယ်။ ကုန်သွယ်မှုပိုငွေမှာ အမေရိကန် ဒေါ်လာ ၆၇ ဒသမ ၁၄၂ သန်းဖြစ်ပြီး ထိုသို့ပိုမိုရခြင်းမှာ ချုပ်ပြီးအထည်နဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှု ပိုမိုခဲ့ခြင်းကြော င့်ဖြစ်ပါတယ်။ ရက်သတ္တပတ်အတွင်း ပင်လယ် ရေကြောင်းကုန် သွယ်မှုမှ  ပို့ကုန်အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၇၆၉ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၂၃၄ ဒသမ ၅၅၂သန်း ရရှိတဲ့ အတွက် ကုန်သွယ်မှုလိုငွေမှာ အမေရိ ကန် ဒေါ်လာ ၁၁၀ ဒသမ၇၈၃သန်းဖြစ်ပါတယ်။ကုန်သွယ်ရေးစခန်းများမှ တစ်ပတ်အတွင်း  ပို့ကုန်အမေရိ ကန်ဒေါ်လာ  ၂၃၇ ဒသမ ၈၉၈ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၅၉ ဒသ၉၇၃ သန်းရရှိတဲ့အတွက် ကုန်သွယ်မှု ပိုငွေ ၁၇၇ ဒသမ ၉၂၅ သန်းဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုနှစ်ရပ်လုံးအတွက် ကုန်သွယ်မှု ပိုငွေမှာ ၆၇ ဒသမ ၁၄၂ သန်းဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ အောက်တိုဘာ ၇ ရက် အထိ ပို့ကုန်တင်ပို့နိုင်မှု မှာ  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၃၆၆၉ ဒသမ ၉၂၄သန်း၊ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၂၂၆၅ ဒသမ ဝ၈၅ သန်းနဲ့ ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၃၅ ဒသမ ဝ၀၉ သန်းဖိုး တင်ပို့နိုင်ပါတယ်။ သွင်းကုန်တင်သွင်းနိုင်မှုမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆၂၆၇ ဒသမ ၄၇၅ သန်း၊ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၄၀၄ ဒသမ ၆၅၆ သန်း၊ စုစုပေါင်း အမေရိကန်ေ ဒါ်လာ ၇၆၇၂ ဒသမ ၁၃၁ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုပ မာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၃၆၀၇ ဒသမ ၁၄ သန်းဖြစ်ပါတယ်။

 

ယဉ်ယဉ်အေး