Main menu

Background

အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုအထိရှိလာခဲ့

Wed, 11/09/2016 - 15:13 -- journal_editor

ယခုနှစ်နှစ်စမှ အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုတို့ကိုခွင့်ပြုပေး ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏သတင်း ထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ ပမာဏစုစုပေါင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၄၃ ဒသမ ၂၈၉ဖြစ်ပြီး မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၅ ဒသမ ၈၉၅ နှင့် ကျပ်သန်းပေါင်း ၂၈၂၇၂၄ ဒသမ ၂၇၉ ဖြစ်ကြောင်း သိရသည်။အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၆) မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းပေါင်း ၁၂ ခုကို ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၃၈၀ ဒသမ ၄၅၄ နှင့် အလုပ်အကိုင်ပေါင်း ၇၇၅၃ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။အဆိုပါခွင့်ပြု လုပ်ငန်း ၁၂ ခုတွင် စက်မှုလုပ်ငန်း ခုနစ်ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း နှစ်ခု၊ မွေးမြူရေး/ရေလုပ်ငန်းတစ်ခု၊ အခြားဝန် ဆောင်မှုလုပ်ငန်းတစ်ခုနှင့် လျှပ်စစ်ဓာတ်အားလုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၆ ဒသမ ၀၀၉ နှင့် ကျပ်သန်း ၁၀၇၆၉၇ ဒသမ၁၄၀ နှင့်အလုပ်အကိုင်ပေါင်း ၁၆၅၉ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ယင်းခွင့်ပြုလုပ်ငန်းခုနစ်ခုတွင် စက်မှုလုပ်ငန်းသုံးခု၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း   တစ်ခုနှင့်  အခြားဝန်ဆောင်မှုလုပ်ငန်း  သုံးခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။                               
      မယ်သီတာ